Part 2(Unicode)

2.1K 187 20
                                    

အစ်ကိုဖြစ်သူ၏ လက်တစ်ဖက် ပခုံးထက်သို့ ရောက်သွားသည်နှင့် ကြောက်ရွံ့မှုများ ကင်းစင်ကာ ပုံမှန်အတိုင်းပြန်ဖြစ်သွားသော ကောင်ကလေးအား ကျွန်တော်ဘယ်လို နားလည်ရပါမည်နည်း...။

*မင်းကိုရော ဘယ်သူက နားလည်ခိုင်းနေလို့လဲ....။ဟိုက သူငယ်ချင်းတောင် မဖြစ်ချင်လို့ ကမ်းထားတဲ့လက်ကို ရှက်ရှက်နဲ့ပြန်ရုတ်ခဲ့ရတာမှ မကြာသေးတဲ့ဥစ္စာ...။*

Tom&Jerryထဲကလို ကျွန်တော့ရုပ်ထွက်demonနဲ့ angel နှစ်ယောက် ပခုံးပေါ်မှာတက်ထိုင်ပြီး ခေါင်းဖောက်စားနေသလို ကျွန်တော့စိတ်ကိုလည်း ငွေရှိုင်းက ရှုပ်ထွေးအောင် လုပ်နေသည်လေ။

ဘယ်သူ့လွှမ်းမိုးခြင်းမှ မခံခဲ့သည့် ကျွန်တော်သည်
နောက်ဆုံးကျန်သော ထမင်းလုတ်ကို အားရပါးရစားရန် ရည်ရွယ်၍ ပါးစပ်ထဲသို့သာ ထည့်ပစ်လိုက်သည်။သို့သော်လည်း နောက်ဆုံးထမင်းတစ်လုတ်ကို တမြုံ့မြုံ့ဝါးနေရင်းမှ ထိုညီအစ်ကိုနှစ်ယောက်ကို ကြည့်မိပြန်သည်။

ဒီတစ်ခါတော့ သူခိုးလူမိသလို
လန့်ဖြန့်သွားရသည်က ကျွန်တော်...။

ငွေရှိုင်းရယ်လေ...ကျွန်တော့ဘက်ကို လက်ညှိုးကြီးထိုးပြနေတာ...။ မှိုင်းခေါင်ဝေဦးကလည်း ကျွန်တော့ကို မျက်မှောင်ကြုတ်ပြီးတော့ ငေးကြည့်နေသည်။

*ဘာလဲ.....ငါ့ကို သူ့အစ်ကိုနဲ့ တိုင်နေတာများလား...။*

ဘာမှမရှိတော့သော ထမင်းချိုင့်ကို ဇွန်းနှင့် ခေါက်တုံ့ခေါက်ပြန်မွှေရင်း အလုပ်များနေသလို ဟန်ဆောင်လိုက်ရသည်။

အခုအချိန်မှာသာ angry birdအနီကောင်က
အခန်းထဲကို ကမူးရှူးထိုးဝင်လာပြီး "မင်းလားကွ....ငါ့ညီကို မျက်လုံးမှိတ်ပြတာ.."ဆိုပြီး ပြောလာခဲ့ရင်..
ဘယ်လိုလုပ်ရမလဲ...။

*နေပါဦး.....မျက်လုံးမှိတ်ပြတာပဲ ဘာနာစရာရှိလို့ တိုင်ရမှာလဲ...။မင်းလည်း ပေါက်ကရတွေပဲ တွေးနေလိုက်....။*

အတိုင်ခံရအောင်လည်း ကျွန်တော့ဘက်က ဘာမှမလုပ်ထားတာ သေချာနေသည်။ ထို့ကြောင့်ပင် သူတို့ကျွန်တော့ကို ကြည့်နေသေးလား...သေချာသိရရန် ကော်ရစ်တာဘက်သို့ ဖြည်းဖြည်းချင်း လှည့်လိုက်သည်။

ငွေမှိုင်းလင်းဝေ...(ငွေမှိုင်းလင်းဝေ....)Z/U(Completed)Where stories live. Discover now