Part 11(Unicode)

1K 107 30
                                    

Angry birdအနီကောင်က ဆံပင်စတိုင်တင် မင်းသားတစ်ယောက်နဲ့ တူနေတာမဟုတ်ဘူး...။ ရေကူးကန်ထဲက ပြန်တက်လာပုံကလည်း မင်းသားတစ်ယောက်လိုပဲ...။

F4ကားထဲက မင်းသားလေးယောက် ထွက်လာတိုင်း ကြားရတဲ့ သီချင်းသံလေးပါပါရင် ကျွန်တော်မြင်နေရတဲ့ မြင်ကွင်းက ဇာတ်ဝင်ခန်းတစ်ခန်းလို တောက်ပနေမှာ အသေအချာ။

ပြီးတော့ ဝါဝင်းနေတဲ့ ပြားချပ်ချပ်ဗိုက်သားပေါ်က ထွက်ခါစ အဖုအထစ်ရေးရေးလေးတွေ။.ကြွက်သားတွေမှာလည်း အကောင်အထည် ကြီးကြီးမားမား ထိုးထွက်နေတာမျိုး မဟုတ်သော်ငြား ရင်အုံနှင့် လက်မောင်းနှစ်ဖက်ကို ထိကြည့်လိုက်ရင် ကျောက်ခဲလို မာနေမှာပဲဟုတော့ မတွေးဘဲ မနေနိုင်ဖြစ်နေရသည်။

ပေါင်ထိရောက်သည့် ရေကူးဘောင်းဘီအကျပ်ကို ဝတ်ထားသောကြောင့် ပေါင်ကြွက်သားများ၏ ကြံ့ခိုင်သော အချိုးအစားမှာ အနက်ရောင်ပေါ်တွင် ထင်းနေလေသည်။

ကျောင်းစိမ်းဝတ်ထားစဉ်၌ တွေ့ရသော ပိန်ပိန်ပါးပါးခန္ဓာကိုယ်သည် ယခုတွင်မူကျစ်ကျစ်လစ်လစ်နှင့် ယောကျ်ားဆန်လှသည်ကို မျက်ဝါးထင်ထင် မြင်တွေ့နေရပေသည်။

ကျွန်တော်သာ ကောင်မလေးတစ်ယောက်ဆိုရင်တော့ ဒီဘဲကြီးရဲ့ပုံစံကို လုံးဝပစ်ကြွေမိမှာပဲ။

Rich kidက rich kidပုံစံပါပဲကွာ... ဟုစဉ်းစားမိတော့
rich kidချင်းတူသော်လည်း ကျွန်တော်က အသားဖြူနေတာလေး တစ်ခုကလွဲရင် မှိုင်းခေါင်ဝေဦးထက် ထူးထူးခြားခြား သာနေတာမျိုုးမရှိဘူး...။

ခေါင်းတစ်လုံးစာအရပ်ကွာခြားမှုကြောင့် သူ့မျက်နှာကို မော်ကြည့်နေရကတည်းကိုက ကျွန်တော်အတွက် တော်တော်အောက်နေပြီ...။

တစ်ယောက်နှင့်တစ်ယောက် အကဲခတ်နေကြစဉ် သူ့ရဲ့
Capနဲ့မျက်မှန်ကို ခေါင်းပေါ်မှ ချွတ်ပြီး ပထမဆုံးပြောလိုက်သည်က...

"မင်းဘာလို့ ဒီကိုရောက်နေတာလဲ...."တဲ့....။

"ရေကူးကန်ဆိုတာကြီးကို မမြင်ဖူးလို့လာကြည့်တာ.." လို့ ပြောလိုက်တော့ မျက်မှောင်ပိုကြုတ်သွားလေရဲ့...။

ငွေမှိုင်းလင်းဝေ...(ငွေမှိုင်းလင်းဝေ....)Z/U(Completed)Where stories live. Discover now