Part 10(Unicode)

1.1K 127 12
                                    

တံခါးဖွင့်သံသည် ခပ်တိုးတိုးသာဖြစ်သော်လည်း အာရုံစူးစိုက်နေသော ငွေရှိုင်းအတွက်ကတော့ တံခါး၏ ပထမအရွေ့နဲ့တင် အခန်းထဲသို့ တစ်ယောက်ယောက် ဝင်လာပြီဖြစ်ကြောင်းကို သိခဲ့သည်။

မှိုင်းခေါင်၏မျက်နှာကို မသိမသာအကဲခတ်ကြည့်သောအခါ ပုံမှန်အတိုင်းတွန့်ချိုးထားမြဲဖြစ်သော မျက်ခုံးနှစ်ဖက်က ထင်းနေသည်။ထို့အပြင် လေးထောင့်မကျတကျ မေးရိုးသည်လည်း အံကြိတ်ထားသောကြောင့် ပိုမိုထင်ရှားနေသည်ကို တွေ့ရသည်။

စားပွဲပေါ်တွင် နွားနို့ဖန်ခွက်ကို ချလိုက်သည်နှှင့် ငွေရှိုင်းသည်လည်း မိမိစာအုပ်ထဲသို့သာ အာရုံစူးစိုက်ဟန်ပြုလိုက်သည် ။ ငွေရှိုင်းကို ငုံ့မိုးကြည့်နေမည့် ကိုကို့အကြည့်တွေကို ရင်မဆိုင်ရဲသောကြောင့် တစ်ခုခုစားပြီးပြီလားဟုမေးမည် ဆိုသည့်အတွေးကိုလည်း ရုပ်သိမ်းလိုက်ရသည်။

အခန်းထဲမှ ချက်ချင်းပြန်ထွက်သွားလိမ့်မည်ဟု ထင်ခဲ့သော်လည်း ကိုကိုသည် ငွေရှိုုင်း၏ ကုတင်ပေါ်တွင်ဝင်ထိုင်ပြီးသည်နှင့်....

"ငါဒီမှာပဲ အိပ်တော့မယ်...." ဟု ပြောလာသဖြင့် ငွေရှိုင်းတစ်ကိုယ်လုံး တောင့်တင်းသွားရလေသည်။

ငွေရှိုင်းကြောက်ရပါသော ကိုကိုနှင့် တစ်ခန်းတည်းမှာ ဘယ်လိုလုပ်ပြီး....အတူတူ.အိပ်နိုင်မှာလဲ...။

ငွေရှိုင်းသည် အဆင်မပြေသည့်အကြောင်း ပြောပြချင်သော်လည်း....

"ငါ့အခန်းထဲမှာ ရှုပ်ပွနေတယ်...." ဟူသော စကားကြောင့် ဘာမှ ပြောမထွက်နိုင်ခဲ့တော့ပါ။

မှိုင်းခေါင်သည် ငွေရှိုင်း၏နောက်ကျောကိုကြည့်ရုံနှင့် ထိုကောင်လေး ဘာဖြစ်နေသည်ကို ခန့်မှန်း၍ရလေသည်။ မလှုပ်မယှက် ဖြစ်နေသော ခန္ဓာကိုယ်မှာ မှိုင်းခေါင်နှင့်အတူရှိနေချိန်တိုင်း၌ ငွေရှ်ိင်းတစ်ယောက် မသက်မသာဖြစ်နေရခြင်းကို ပြသနေလေသည်။

ခပ်ဟဟပြုံးလိုက်မိသည်က စိတ်မကောင်းသောကြောင့်ဖြစ်သည်။ မိမိနှင့်အတူရှိနေရသူတိုင်းသည် ပျော်ရွှင်မှုကင်းမဲ့ဇုန်သို့ ရောက်သွားသည့်အလား...မရယ်နိုင်၊မပြုံးနိုင်ဖြစ်သွားကြရသည်။ ဤကဲ့သို့ဖြစ်နေရခြင်းမှာလည်း မှိုင်းခေါင်ကိုယ်တိုင် ဖန်တီးခဲ့ခြင်း မဟုတ်ပါလား....။

ငွေမှိုင်းလင်းဝေ...(ငွေမှိုင်းလင်းဝေ....)Z/U(Completed)Where stories live. Discover now