Part 19(Zawgyi)

440 47 27
                                    

သင်္ကြန်ကာလသည် ကျွန်တော်အတွက်တော့
ပျင်းစရာအကောင်းဆုံး အချိန်အခါဖြစ်လေသည်။
သင်္ကြန်တွင်းဆိုရင် ကြီးကြီးစန်းကလည်း ဥပုသ်စောင့်တတ်သောကြောင့် စနောက်စရာလူလည်းမရှိ။ လမ်းထဲက ကလေးတွေနှင့်လည်း ဘောလုံးသွားကန်၍မရ။

သူတို့က ကျွန်တော့ကိုမြင်တာနဲ့ ခွက်စောင်းခုတ်ဖို့ ပြင်နေကြတော့တာ။ ပြီးခဲ့တဲ့နှစ်က အကျနေ့တစ်ရက် ပျင်းပျင်းရှိတာနဲ့ ကျွန်တော်တစ်ယောက်တည်း ရပ်ကွက်တွေထဲမှာ လျှောက်လည်ဖြစ်တယ်။ အိမ်ပြန်ရောက်တော့ ကလေးတွေဆီမှာ ခွက်စောင်းခုတ်ခံ ခဲ့ရလို့ ကျောတွေစပ်၊ မမတွေကလည်း ရေတွေ
ဟောကနဲ၊ဟောကနဲ လောင်းထည့်လိုက်လို့ နားတွေအူနေတာ တော်တော်နဲ့မပျောက်တော့ဘူး။

အဲ့နေ့ကတည်းကစပြီး သင်္ကြန်ဆိုရင် ရပ်ကွက်ထဲပတ်ဖို့ စိတ်တောင်မကူးရဲတော့တာပဲ။ ကားနဲ့လည်ဖို့ကျတော့ ကြီးစန်းရော၊အဖေရော စိတ်မချလို့ နှစ်ယောက်၊တစ်ယောက်မှာ ကျွန်တော်ပဲ ရှုံးခဲ့တာချည်း။

ဒါပေမယ့် ရေခဲသေတ္တာထဲမှာ မုန့်တွေအပြည့် ဝယ်ထည့်ထားသောကြောင့် နေသာထိုင်သာရှိနေသည်။ tvလိုင်းတွေတစ်ခုပြီး တစ်ခုပြောင်းကြည့်လို့ သဘောမကျရင် ဝယ်ထားတဲ့ အခွေတွေကို မွှေနှောက်ပြီး မုန့်နဲ့မြည်းရတာလည်း တစ်မျိုးတော့ ဇိမ်ကျသည်။

အင်း....အဖေကတော့ သင်္ကြန်တွင်းလည်း အိမ်မှာမရှိဘူး...။ ဘယ်သွားနေလဲဆိုတာတော့ ကျွန်တော်လည်းမသိ။ ပြန်လာရင် ယိုင်တိယိုင်တိုင်နဲ့ ။ပြီးရင်တော့ ထိုးအိပ်သွားတာပဲ။ သင်္ကြန်လေးရက်စလုံးမှာ အဲ့လိုမျိုး တစ်ပုံစံတည်း။

နှစ်ဆန်းတစ်ရက်နေ့လောက်ကျမှ သားငယ်
ဘယ်သွားချင်လဲဆိုပြီး လာမေးပါတယ်။ အဲ့ဒီနေ့ကျတော့ ကျွန်တော်ကလည်း စိတ်မပါတော့တာနဲ့ ခေါင်းခါပြပြီး တစ်နေကုန် tvကြည့်နေလိုက်တယ်။

ကျောင်းပိတ်ရက်မှာ အလင်းဝေတစ်ယောက် ဘာတွေလုပ်နေလဲလို့ မေးကြရင်တော့ အိပ်တယ်၊စားတယ်၊tvကြည့်တယ် ဆိုပြီး ပြန်ဖြေရမှာပဲ။ ကျောင်းစာနဲ့ ပတ်သတ်ရင် သတိလုံးဝမရ။ ကိုးတန်းအောင်မှာ သေချာလို့ စာအုပ်တွေကို သူများပေးလိုက်တာပဲကြည့်။

ငွေမှိုင်းလင်းဝေ...(ငွေမှိုင်းလင်းဝေ....)Z/U(Completed)Where stories live. Discover now