Part 12(Unicode)

965 114 20
                                    

"အလင်းဝေရေ...တီချယ့်ဆီ ခဏလာခဲ့ပါဦး..."

whiteboard ပေါ်ရှိ စာများကို ကူးနေရင်းတန်းလန်းနှင့် အခေါ်ခံရသည့်အတွက် အနှောင့်အယှက် ဖြစ်သွားရသော်လည်း ခေါ်သံကြားကြားချင်းမှာတင် အပြေးသွားမိသည်။

အတန်းပိုင်ဆရာမသည် စာရွက်စာတမ်းများနှင့် အလုပ်ရှုပ်နေပြီး အလင်းဝေရောက်လာသောအခါ သူမပိုက်ဆံအိတ်ထဲမှ memory stick အစိမ်းရောင်လေးကို ထုတ်ပေးလိုက်သည်။

"ဒီထဲက Grade-10(room-100) နာမည်နဲ့fileလေးကို printထုတ်ပြီး copyနှစ်စောင်ပါကူးပေးခဲ့ပါ..သားရယ်..
တီချယ်ခိုင်းတာ သေချာလုပ်ခဲ့နော်...မမှားစေနဲ့..."

သွက်သွက်လက်လက်ရှိပြီး အားကိုးရတဲ့ ကျောင်းသားမျိုးဆိုလျှင် ဆရာမတွေက ခိုင်းတတ်ကြသည်မို့ တစ်ခန်းလုံးတွင် ကျွန်တော်သာ မဲပေါက်တတ်ရမြဲ။

တီချယ့်လက်ထဲက memory stickကို ယူကာ လှည့်ထွက်မည်ပြုပြီးကာမှ အကြံတစ်ခုရသွားလေသည်။

"တီချယ်..သားနဲ့အတူ.
တစ်ယောက်ခေါ်သွားချင်လို့..ရလား."

"ရတယ်...ရတယ်...မြန်မြန်တော့ပြန်လာခဲ့..
တီချယ်ရုံးခန်းသွားရဦးမှာမို့လို့..."

ခေါင်းညိတ်ပြီးသည်နှင့် ခပ်သုတ်သုတ် လှည့်ထွက်လာခဲ့ပြီး စာကူးနေသော ငွေရှိုင်းထံမှ ဘော့ပင်ကို ဆွဲယူလိုက်သည်။

"ဘာလုပ်တာလဲ...စာရေးနေတာကို နားလည်မှုမရှိတာက..."

"ငါလည်း လုပ်ချင်လို့လုပ်တာ မဟုတ်ဘူးဟေ...
တီချယ်ခိုင်းလို့ ကွန်ပျူတာခန်းကိုသွားမလို့...မင်းကိုပါ
ခေါ်သွားတဲ့ တီချယ်က... "

"ငါ့ကို...."

ကြောင်တောင်တောင်ဖြစ်နေသော ငွေရှိုင်းကြောင့်
ရယ်ချင်စိတ်ကို မနည်းမြိုသိပ်ရသည်။ တီချယ့်ကို ကာဗာလုပ်လိုက်တာတောင်မှ အင်တင်တင်ဖြစ်နေသော ငွေရှိုင်းသည်

"မောင်အလင်းဝေတို့နှစ်ယောက်ရေ...အခုထိ အခန်းထဲက မထွက်ရသေးဘူးလား..." ဟူသော တီချယ့်အသံကိုကြားမှ ခုံပေါ်မှ ထလိုက်လာတော့သည်။

တစ်ယောက်တည်းသွားလည်းရသော ကိစ္စဖြစ်သော်ငြားလည်း ကျွန်ပျူတာခန်းသို့ရောက်ရန် လမ်းတွင် ဆယ်တန်းအခန်းကို ဖြတ်ရမည်ဖြစ်သည်။ ထို်ကြောင့် ကျွန်တော်နှင့်ငွေရှိုင်းကို အတူတူ ရှိမနေစေချင်သည့် ပုဂ္ဂိုလ်အတွက် ငွေရှိုင်းကို ခေါ်သွားမည့်အကြံမှာ ကျွန်တော့ခေါင်းထဲသို့ ချက်ချင်းဝင်လာရသည်။

ငွေမှိုင်းလင်းဝေ...(ငွေမှိုင်းလင်းဝေ....)Z/U(Completed)Where stories live. Discover now