Part 29(Zawgyi)

400 45 31
                                    

စာရွက်ပေါင်းများစွာကို လှန်လျောဖတ်ရှုအပြီး၌ မှိုင်းခေါင်ရင်ထဲတွင် မွန်းကြပ်မှုများ အနည်းငယ်ပြေလျော့လာပြီဖြစ်သည်။ မှိုင်းခေါင်သေချာသိခဲ့ရသည်မှာ ငွေရှိုင်းသည် မှိုင်းခေါင်ကို တစ်ယောက်တည်း ဖြစ်အောင် ဘယ်တော့မှ ထားရစ်ခဲ့မှာ မဟုတ်ဘူးဟူ၍....။

မှိုင်းခေါင်ဖတ်ရမည့် စာမျက်နှာအချို့ ကျန်ရစ်နေသေးသည်။ အလင်းဝေနှင့် သက်ဆိုင်နေသော အကြောင်းအရာများမို့ မှိုင်းခေါင် ဆက်မဖတ်ချင်သော်လည်း စာမေးပွဲ နောက်ဆုံးနေ့က အကြောင်းကို ရေးထားနိုင်သဖြင့် သိလိုစိတ်ဖြင့် ဖတ်ဖြစ်ခဲ့မိပါသည်။
.
.
.
*ကျောင်းစတက်တက်ချင်းနေ့မှာ ကောင်လေးတစ်ယောက်က ငါ့ကိုမေးတယ်။ သူနဲ့သူငယ်ချင်းဖြစ်ပေးနိုင်မလားတဲ့။ အရင်ကတည်းက ငါ့မှာ သူငယ်ချင်းတစ်ယောက်မှ မရှိခဲ့ဘူး။

ငါကို သူတို့က အဖေမရှိဘဲ မွေးလာတဲ့ကလေးဆိုပြီး အမြဲတမ်းနှိမ်ကြတယ်။ ငါ့မှာ အမေတစ်ယောက်လုံး ရှိနေခဲ့တာပဲလေ။ အဖေရှိဖို့ တကယ်မလိုအပ်ပါဘူး။ အဲ့ဒီလိုနဲ့ မေမေသေသွားတော့ ငါ့မှာရုတ်တရက်ကြီး အဖေတစ်ယောက် ရလာတယ်။

ပျော်တာပေါ့။ အခုဆို ကျောင်းတက်ရင် ငါ့ကို ဘယ်သူမှ နှိမ်ကြတော့မှာမဟုတ်ဘူး။ ဒါပေမယ့် ငါ့အမေသေတာကိုလည်း ငါ့ကြောင့်ဆိုပြီးပြောကြပြန်တယ်။ သူငယ်ချင်း အချို့တော့  ငါ့ဘေးမှာရှိခဲ့ပါတယ်။ သူတို့ကို ငါယုံကြည်ထားပေမယ့် ငါ့အရှေ့မှာ မပြောရဲတဲ့စကားတွေကို နောက်ကွယ်မှာ အားရပါးရပြောနေတာကို သိခဲ့ရတဲ့တစ်နေ့ ငါလူတွေကို အရမ်းကြောက်သွားတယ်။

ဒါကြောင့် အလင်းဝေကိုလည်း သူတို့လိုဖြစ်မှာပဲဆိုပြီး ယူဆခဲ့တယ်။ သူက အရမ်းအစအနောက်သန်တဲ့ ကောင်လေး တစ်ယောက်ပဲ။အတန်းထဲမှာ နာမည်လှလှလေးတွေနဲ့ အမြွှာနှစ်ယောက်ရှိတယ်။ နာမည်ပြောင်ကတော့ ချာလီနဲ့ဂေါ်လီတဲ့။ အလင်းဝေနဲ့ဆို တကျက်ကျက်ဖြစ်နေတဲ့ နှစ်ယောက်ပေါ့။

သူတို့နှစ်ယောက်ကို ဘယ်သူက ဘယ်သူမှန်း ခွဲခြားသိတာဆိုလို့ အလင်းဝေတစ်ယောက်တည်းရှိတယ်။ တွေ့တာနဲ့ ဆဲလိုက်ကြပြန်ပြီ၊ရန်ဖြစ်ကြပြန်ပြီ။ ဒါပေမယ့် သူတို့က ငါတွေ့ခဲ့တဲ့ကျောင်းသားတွေလို ဟန်ဆောင်မျက်နှာဖုံးတွေနဲ့ မဟုတ်ကြဘူး။ငါ့အမြင်မှာတော့ သူတို့ရန်ဖြစ်ပုံလေးတွေက တစ်မျိုးလေး ချစ်စရာကောင်းနေတယ်။

ငွေမှိုင်းလင်းဝေ...(ငွေမှိုင်းလင်းဝေ....)Z/U(Completed)Where stories live. Discover now