Final(Part 2)(Unicode)

3.6K 122 27
                                    

မှိုင်းခေါင်၏ အမြင်အာရုံတွေမှာ ဝေဝါးနေသည်။
ကားပေါ်တွင် ပျော့ခွေစွာ ထိုင်လိုက်လာရင်း သူ့ရဲ့မျက်ခွံတို့က မှိတ်ချည်၊ ပွင့်ချည်ဖြစ်နေသည်။ မျက်လုံးပွင့်လာသောအခါ၌ ကောင်းကင်ကို သူငေးကြည့်မိပြန်သည်။ သူ့ရဲ့မြင်ကွင်းထဲတွင် ရှုပ်ထွေးနေသော လျှပ်စစ်မီးကြိုးများနှင့် မာကျူရီမီး အလင်းရောင်ကိုပါ ကောင်းကင်နှင့်အတူ ယှဉ်တွဲပြီး မြင်နေရသည်။ ထို့နောက် တစ်ဖန်ပြန်၍လေးလံလာသော မျက်ခွံများကြောင့် အမှောင်ထုထဲသို့ ပြန်ရောက်သွားရပြန်သည်။

နောက်ထပ်တစ်ကြိမ် မျက်လုံးပွင့်လာသောအခါတွင်
ပတ်ဝန်းကျင်အသစ်ကို သူမြင်ရပြန်သည်။ အုပ်ဆိုင်းနေသော သစ်ပင်တွေကို တရိပ်ရိပ်ဖြတ်ကျော်လာပြီးနောက် ကြက်သွေးနီရောင် ရဲတိုက်တစ်လုံးက သူ့ရဲ့အမြင်အာရုံထဲသို့ ရောက်လာသည်။ ထိုရဲတိုက်ကြီး၏ဆင်ဝင်အောက်သို့ ကားရပ်လိုက်ချိန်မှာတော့ မှိုင်းခေါင်ရဲ့မျက်ခွံနှစ်ဖက် ပြန်မှိတ်ကျသွားပြန်သည်။

တစ်ယောက်ယောက်က သူ့ကို ထမ်းသွားတာကို မှိုင်းခေါင်ခံစားမိနေသော်လည်း ဘယ်သူဘယ်ဝါမှန်း မသဲကွဲပေ။သူ့မျက်လုံးတွေသည် အပြင်လောကကို စူးစမ်းကြည့်ဖို့အတွက် အားလျော့နေပုံရသည်။ သူ့စိတ်က စေခိုင်းနေသော်လည်း သူ့ရဲ့ခန္ဓာကိုယ်ကတော့ သူ့စကားကိုနားမထောင်ပေ။

ထို့နောက် သူ့ကိုသယ်သွားသော
ကျောပြင်ပေါ်မှာပဲ ခဏမှိန်းနေလိုက်သည်။
မျက်လုံးတွေကို အားတင်းပြီး ဖွင့်ကြည့်လိုက်ချိန်မှာတော့ သူအခန်းတစ်ခုထဲသို့ ရောက်နေပြီဖြစ်ကြောင်း သတိထားမိသွားသည်။ထို့နောက် နံရံမှာချိတ်ထားသော ပန်းချီကားလေး တစ်ချပ်ကို စူးစိုက်ပြီးတော့ ကြည့်နေမိသည်။ ညကောင်းကင်ကို မော့ကြည့်နေသော ကောင်လေးဟာ သူနဲ့ သိပ်ကိုတူနေလေသည်။

"ရှိုင်းငယ်....ငါမင်းကို အရမ်းလွမ်းနေပြီ...."

မှိုင်းခေါင်သည် သူ့ရဲ့ဗလုံးဗထွေးစကားသံနှင့်အတူ ကြမ်းပြင်ပေါ်သို့ပြုတ်ကျသွားသည်။ သူပြုတ်ကျသွားတော့ သူ့ကိုသယ်လာပေးသော ကျောပြင်ပိုင်ရှင်က ချက်ချင်း လာထူပေးသည်။

ငွေမှိုင်းလင်းဝေ...(ငွေမှိုင်းလင်းဝေ....)Z/U(Completed)Où les histoires vivent. Découvrez maintenant