မှိုင်းခေါင်ဝေဦးနှင့်ငွေရှိုင်းတို့နှစ်ယောက် လူငယ့်ပန်းတိုင်သို့ ရောက်လာကြသည်။ သူတို့ဝယ်လာသော မုန့်တွေနဲ့ ဆရာတို့ကို ကန်တော့ပြီး ဆုပေးပွဲမလာဖြစ်လို့ စိတ်မကောင်းသည့် အကြောင်းကို ငွေရှိုင်းက ပြောပြနေသည်။
"အလင်းဝေကတော့ အဲ့နေ့က ပွဲပြီးမှပြန်သွားတာ...
ဆရာမကိုလည်း သားတို့နဲ့ အဆက်အသွယ်ရရင် သူလာသွားတယ်လို့ပြောပေးပါဆိုပြီး မှာသွားတယ်..."ဆရာမရဲ့စကားကိုကြားပြီး အဲ့ဒီနေ့ကအကြောင်းကို ပြန်စဉ်းစားမိတော့ ငွေရှိုင်းဆက်တဲ့ဖုန်းကို ဆရာ လာကိုင်သည်။ ဖုန်းထဲမှာအသံတွေလည်း ဆူညံနေလေတော့ အကျိုးအကြောင်းပြောပြီးတာနဲ့ ဖုန်းချလိုက်တော့တာ။ အလင်းဝေအကြောင်း မမေးမိလိုက်သလို၊ ဆရာကလည်း သူတို့မလာဖြစ်သည့်အကြောင်းကို ပြောပြလိုက်မည်မထင်။ အဲ့တာကြောင့်ပဲ အလင်းဝေက ပွဲပြီးတဲ့အထိ နေသွားတာလား....။
ငွေရှိုင်းရဲ့အတွေးဂယက်ထဲသို့ ဆရာဦးအောင်၏စကားသံ ဝင်ရောက်လာပြန်သည်။
"မင်းတို့သုံးယောက်က ဒီမှာတက်တုန်းက အမြဲတမ်း တစ်တွဲတွဲဖြစ်နေကြပြီးတော့ အခုမှ တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ် မရှိကြတော့ဘူးလားဟေ..."
ဆရာ့ရဲ့အမေးကို ငွေရှိုင်းပြန်မဖြေနိုင်ပါ။ သူလည်းအလင်းဝေကို တွေ့ချင်မိပေမယ့် စဉ်းစားစရာတွေ များနေသည်။ သူတို့နှစ်ယောက်ရဲ့ သူငယ်ချင်းဆက်ဆံရေးမှာ အရောင်တွေရောယှက်ခဲ့ပြီကိုး...။
"ကျွန်တော်တို့က အစကတည်းက အဲ့လိုမျိုးမို့လို့ပါဆရာ..
ဒီမှာတုန်းက ကျောင်းလည်းတူလို့ ပေါင်းမိနေကြပေမယ့် အရမ်းရင်းနှီးတဲ့သူတွေ မဟုတ်တော့..
မဆက်သွယ်ဖြစ်တာပါ."မှိုင်းခေါင်ဝေဦးက ဝင်ပြောလိုက်သည်။ ငွေရှိုင်းသည် ခေါင်းငုံ့ထားရင်းက ခပ်လေးလေးပြုံးမိသည်။ ဟုတ်တာပေါ့။ ကိုကိုနဲ့အလင်းဝေတို့ မတည့်ကြဘူးဆိုတာ သူမေ့သွားတာပဲ။
အိမ်ပြန်လာတဲ့လမ်းမှာ ပတ်ဝန်းကျင်တလျှောက် ဖြတ်သန်းသွားရတဲ့ မြင်ကွင်းတွေက သူနဲ့အလင်းဝေရဲ့ ဆက်ဆံရေးလိုမျိုးဖြစ်နေသည်။ ဒါကြောင့် ငွေရှိုင်းရဲ့ဘဝထဲမှာ အလင်းဝေရှိနေရမယ့် အချိန်ကလည်း ဒီမြင်ကွင်းတွေလိုမျိုုး ခဏတာပဲ ဖြစ်နေခဲ့တာပေါ့...။
YOU ARE READING
ငွေမှိုင်းလင်းဝေ...(ငွေမှိုင်းလင်းဝေ....)Z/U(Completed)
General Fiction(Zawgyi) နေရယ်...လရယ်....ကြယ်ရယ်... တစ်မိုးအောက်မှာ အတူရှိကြပေမယ့် မင်းတို့နှစ်ယောက်နဲ့ယှဉ်ရင် ပျောက်ကွယ်ပေးရတဲ့ ငါ့အဖြစ်က...နေလို.... (Unicode) နေရယ်...လရယ်....ကြယ်ရယ်... တစ်မိုးအောက်မှာ အတူရှိကြပေမယ့် မင်းတို့နှစ်ယောက်နဲ့ယှဉ်ရင် ပျောက်ကွယ်ပေးရတဲ့...