Part 26(Unicode)

672 79 5
                                    

ဆရာမရဲ့လက်ကောက်သံမှာ မှိုင်းခေါင်တို့နှင့်ပိုပြီး နီးကပ်လာသည်။ အစောပိုင်းတုန်းက လှုပ်ရွနေသော ငွေရှိုင်းသည်လည်း မျက်နှာပေါ်တွင် စာအုပ်မှောက်ထားကာ အိပ်မောကျနေဟန် အသွင်ရှိသည်။ မှိုင်းခေါင်ကတော့ နဖူးပေါ်လက်တင်လျှက် အိပ်ပျော်နေဟန်နှင့် ငြိမ်သက်နေသည်။

မှိုင်းခေါင်တို့၏ လိုက်ကာနားအရောက်တွင် ခြေသံပျောက်သွားသောကြောင့် ဆရာမသည် ကျောင်းသားတွေအိပ်၊မအိပ် စစ်ဆေးနေကြောင်း မျက်လုံးဖွင့်မကြည့်သော်လည်း သိလိုက်သည်။ ထို့နောက် ညာဘက်ခြမ်းရှိ အခန်းတံခါးဖွင့်သံကို ကြားလိုက်ရပြီး ဆရာမရဲ့အသံဝဲဝဲပါ တစ်ပါတည်း ထွက်ပေါ်လာသည်။

"ဟင်း....ငါအသံတွေကြားနေရတယ်နော်..." ဟုပြောပြီး တံခါးပြန်ပိတ်ကာ အနောက်ဘက်သို့ ထွက်သွားပြန်သည်။ မှိုင်းခေါင်ရော၊ငွေရှိုင်းပါ ငြိမ်ငြိမ်လေးနေပြီး နားစွင့်နေကြသည်။ ဆရာမသည် အောက်ထပ်တွင် ကြာကြာမနေပါ။ စစ်ဆေးပြီးသည်နှင့် ၊စကားသံထွက်နေသူများကို ဆူပူပြီးသည်နှင့် အပေါ်ထပ်သို့ ပြန်တက်သွားလေသည်။

ဒီတော့မှ ငွေရှိုင်းလည်း မျက်နှာပေါ်တွင်
အုပ်ထားသောစာအုပ်ကို ခပ်မြန်မြန်ဖွင့်ကာ သက်ပြင်းချရင်း

" ကျွန်တော်တို့လည်း အခုမှ မူကြိုကလေးတွေလို ပြန်ဖြစ်နေပြီနော်ကိုကို..." ဟူ၍ အသံတိုးတိုးနှင့် ပြောလေသည်။ ငွေရှိုင်း၏ ရယ်သံနှောနေလေသော စကားသံကြောင့် မှိုင်းခေါင်ပါပြုံးခဲ့မိလေသည်။

"ဟိုတစ်ယောက် အသံတိတ်နေပါလား..
အိပ်ပျော်သွားပြီလား မသိဘူး..."

ငွေရှိုင်းသည် ပြောလည်းပြော၊ ဘေးဘက်သို့လည်း ငုံ့ကြည့်လိုက်သေးသည်။ ပက်လက်အနေအထားနှင့် လက်ပိုက်လျှက်ရှိသူသည် အေးဆေးတည်ငြိမ်သောပုံစံနှင့် လက်ရှိလောကမှ ဝေးကွာသွားဟန်ရှိသည်။ ထို့အပြင် လှုပ်ခတ်ရွေ့လျားခြင်း မရှိသော မျက်ခွံတို့ကိုကြည့်ပြီး အလင်းဝေတစ်ယောက်တော့ အိပ်ပျော်သွားရှာပြီဟု အမှန်တကယ်ပင် အတည်ပြုလိုက်ရသည်။

"သူက ရွက်ကျပင်ပေါက်ပဲကိုး...ရှိုင်းငယ်..
အိပ်သွားတာလည်း ကောင်းတယ်..မဟုတ်ရင် နားတွေငြီးလို့..."

ငွေမှိုင်းလင်းဝေ...(ငွေမှိုင်းလင်းဝေ....)Z/U(Completed)Where stories live. Discover now