Part 37(Unicode)

732 73 10
                                    

"ငါမသွားချင်ဘူး...ငွေရှိုင်းရာ..
.ဒါပေမယ့် ဒါက ငါ့အတွက် အခွင့်အရေးတစ်ခုဖြစ်နေတော့ သွားလည်း သွားချင်မိတယ်...ဘယ်လိုလုပ်ရမလဲမသိဘူး...
ငါမင်းနဲ့လည်း မဝေးချင်တော့ဘူး..."

ငွေရှိုင်းသည် အလင်းဝေရဲ့စကားကို သေချာနားမလည်သော်လည်း တစ်နေရာရာကို သွားရမယ်ဆိုတာကိုတော့ သိလိုက်ရလေသည်။

*ဘယ်နေရာသွားရမှာမို့လို့ သူက ငိုသံကြီးနဲ့ပြောနေရတာလဲ..။.*

ထိုသို့သောအတွေးနဲ့အတူ အလင်းဝေရဲ့ကျောကုန်းကို ခပ်ဖွဖွပုတ်ပေးရင်း...မေးလိုက်သည်။

"ဘယ်ကိုသွားရမှာလဲ..."

"ငါ့ကျောင်းက လွှတ်ပေးတဲ့ ပညာတော်သင်ခရီးလေ... ဂျပန်ကိုသွားရမှာ...အနည်းဆုံးတစ်နှစ်
၊နှစ်နှစ်လောက်ကြာမှာတဲ့..."

အလင်းဝေရဲ့စကားကိုကြားတော့ ငွေရှိုင်းရဲ့စိတ်ထဲတွင်လည်း ဟာတာတာကြီးဖြစ်သွားသည်။ ပြီးတော့ သက်ပြင်းတွေလည်း ချနေမိသည်။ဒါပေမယ့် သူကိုယ်တိုင်ကပါ ဝမ်းနည်းသွားတဲ့ပုံမျိုး ပြနေ၍မဖြစ်သေးပေ။ သူ့ရဲ့ပုံစံကြောင့် အလင်းဝေတစ်ယောက် ပညာသွားသင်ဖို့ လက်လျှော့လိုက်တာမျိုးလည်း မဖြစ်စေချင်။

"ခေါင်းမော့ပါဦး...မောင်အလင်းဝေရယ်...
ငါပြောချင်တာရှိလို့..."

အလင်းဝေသည် ခေါင်းကိုငုံ့ထားဆဲနှင့်ပင် ခေါင်းခါယမ်းလိုက်သည်...။

"မမော့ဘူး...ငါမင်းကိုကြည့်လိုက်ရင် ငိုမိတော့မှာစိုးလို့..."

"မင်းကလေ...အခုအချိန်အထိ ကလေးဆန်နေတုန်းပဲ..."

သူ ပြောသာပြောလိုက်ရသော်လည်း သူကိုယ်တိုင်ကျတော့ မျက်ရည်ဝဲချင်လာသည်။ဒါတောင် အလင်းဝေက နိုင်ငံခြားရောက်သေးတာ မဟုတ်ဘူး...။

"မင်းပြောတော့ ဒါမင်းအတွက် အခွင့်အရေးပဲဆို...
မသွားချင်တာကတစ်ပိုင်း ၊အခွင့်အရေးကို လက်မလွှတ်သင့်တာက တစ်ပိုင်းပဲလေ...

မင်းသာ မသွားဖို့ရွေးချယ်လိုက်ရင် နောင်တရနေမှာ ကျိန်းသေတယ်။ အချိန်တွေက ခဏလေးနဲ့ ကုန်သွားမှာပါ..ဟိုမှာဆို မင်းစာတွေလုပ်နေရတာနဲ့ ငါ့ကို သတိရဖို့အချိန်တောင် ရှိတော့မှာမဟုတ်ဘူး...သွားမှာသာ သွားစမ်းပါ ..အလင်းဝေရာ"

ငွေမှိုင်းလင်းဝေ...(ငွေမှိုင်းလင်းဝေ....)Z/U(Completed)Where stories live. Discover now