Part 16(Unicode)

872 96 10
                                    

ရင်ခွင်ထဲသို့ ရောက်နေသော ခန္ဓာကိုယ်လေးကို စက္ကန့်ပိုင်းမျှအကြာတွင် မှိုင်းခေါင်ဖယ်ထုတ်ဖြစ်ခဲ့သည်။ တွန်းထုတ်လိုက်ခြင်းမျိုးမဟုတ်ခဲ့သော်လည်း ရှိုင်းငယ်သည် ရှိုုက်ငင်ကာ ငိုနေလေသောကြောင့် သူ၏ ပခုံးတစ်ဖက်အား အားထည့်ဖိကိုင်လိုက်ရင်း....

"ယောကျ်ားဆိုတာ မျက်ရည်လွယ်လွယ်မကျရဘူးလို့ ငါမင်းကိုပြောထားတယ်မလား..." ဟူ၍ နှုတ်စကားဆိုတော့ မျက်ရည်တွေကို လက်ချောင်းများနှင့် ခပ်မြန်မြန် သုတ်ပစ်လေသည်။

"ကျွန်တော်....ကျွန်တော်က ကိုကို့ကို စိတ်ပူသွားလို့ပါ...
တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲလို့..."

"ဖြစ်စရာလား...ငါ့ကိုဘယ်သူမှ ဘာမှလုပ်လို့မရဘူး...
အေး...ငါကိုယ်တိုင်တောင် ဘာမှမလုပ်နိုင်ဘူး..."

သက်ပြင်းမောများကို ရင်တွင်း၌သာ ဖြစ်ပေါ်စေခဲ့သည်။ *ငါမှာ...မင်းတစ်ယောက်တော့ ရှိနေခဲ့သေးတာပဲ...ရှိုင်းငယ်...* ဟူသော စကားကိုတော့ စိတ်ထဲမှာသာ အကြိမ်ကြိမ်ရွတ်ဆိုမိလျှက်။
.
.
"ပြန်ကြမယ်နော်ကိုကို...
အိမ်မှာ ဖေဖေရောက်နေပြီလားမသိဘူး...ကျွန်တော်တို့ ပြန်မလာသေးတာသိရင် စိတ်ပူနေဦးမယ်..."

"သူစိတ်ပူချင်းပူ မင်းကိုပဲပူမှာပါ..."

ကွေးတက်သွားခဲ့သော နှုတ်ခမ်းထောင့်စွန်းများသည် နှစ်လိုဖွယ်ရာရှိနေလိမ့်မည် မဟုတ်ပါ။ မှိုင်းခေါင်ကိုယ်တိုင်သည်လည်း မိမိစကားကို သဘောကျသောစိတ်နှင့် ပြုံးခဲ့ခြင်းမျိုး မဟုတ်သည်လေ။

သားအရင်းထက် သူစိမ်းတစ်ယောက်ကို ပိုဂရုစိုက်နေတယ်..ဟူသော အသိကလည်း အဲ့ဒီသူစိမ်းဟာ မှိုင်းခေါင်အတွက် ဘယ်လိုလူမျိုးဖြစ်နေနေ ရင်ထဲမှာတော့ နာကျင်နေရတာပါပဲ...။

ကျောပိုးအိတ်လွယ်မည့်ဟန်ပြင်တော့ အိတ်ကို မိမိလက်ထဲမှ ဆွဲယူသွားပါသော ရှိုင်းငယ်သည် မှိုင်းခေါင်အား သူရဲ့မျက်စိရှေ့မှ ထပ်ပျောက်သွားမည်ကို စိုးရိမ်နေသည့်အလား အရိပ်တကြည့်ကြည့်နှင့်....။

နှစ်များစွာအတူရှိနေခဲ့သည့်တိုင်အောင် မှိုင်းခေါင်ကာဆီးခဲ့သော အလွှာတစ်ခုကြောင့် ရင်းရင်းနှီးနှီးမဆက်ဆံရဲခဲ့သော ရှိုင်းငယ်အတွက် ယခုညနေခင်းသည် အပြောင်းအလဲတစ်ခု ဖြစ်နေပေမည်။ မျက်မှောင်ကြုတ်ထားခြင်းမရှိတော့သော မျက်လုံးများနှင့် ဆုံတွေ့သည့် အခါမျိုးတွင် ရှိုင်းငယ်သည် သွေးသားရင်းချာကို မြင်ရသည့်သဖွယ် မှိုင်းခေါင်အား ပြုံးစစလေး ငေးကြည့်လာသည်။

ငွေမှိုင်းလင်းဝေ...(ငွေမှိုင်းလင်းဝေ....)Z/U(Completed)Where stories live. Discover now