Part 28(Unicode)

659 86 8
                                    

မှိုင်းခေါင်ဝေဦးတစ်ယောက် ငွေရှိုင်းထံသို့ အလျင်အမြန် ပြေးသွားလိုက်သည်။ သူ့ရှေ့တွင် ရောက်လာသော မှိုင်းခေါင်ကို ငွေရှိုင်းက မော့ကြည့်လေသည်။ မျက်နှာမှာ အတော်လေး မကောင်းနေသည်မို့ မှိုင်းခေါင် စိတ်ပူမိသည်။

ဘာဖြစ်သွားတာလဲ....။ မှိုင်းခေါင်မရှိတဲ့အချိန်မှာ သူတို့ဘာဖြစ်သွားကြတာလဲ။

အလျင်စလို ပြေးထွက်သွားသော အလင်းဝေ၊ ပြီးတော့ အရုပ်ကြိုးပြတ်ကလေး ဖြစ်နေသောရှိုင်းငယ်။ မှိုင်းခေါင် ဆက်စပ်တွေးကြည့်သော်လည်း အဖြေကမထွက်။

မှိုင်းခေါင်သည် ငွေရှိုင်း၏လက်မောင်းရင်းကို
တင်းတင်းဆုပ်ကိုင်၍ မတ်တပ်ရပ်စေလိုက်သည်။

"ဘာဖြစ်နေတာလဲ...
အလင်းဝေ မင်းကို တစ်ခုခု လုပ်လိုက်လို့လား..."

ငွေရှိုင်းသည် မှိုင်းခေါင်ကို လေးပင်စွာဖြင့် ခေါင်းခါပြသည်။ ထို့နောက် မှိုင်းခေါင်ပခုံးပေါ်က သူ့ကျောပိုးအိတ်ကိုဆွဲယူပြီး အရင် ထွက်သွားသည်။

ငွေရှိုင်း၏အပြုအမူတွေက ထူးဆန်းနေသည်။ ငွေရှိုင်းက ဘာမှမဖြစ်ဘူးလို့ ပြောပေမယ့် မှိုင်းခေါင်မှာ ရှိုင်းငယ်ကို အရိပ်တကြည့်ကြည့် ဖြစ်နေသူမို့ တစ်ခုခုဆိုလျှင် ချက်ချင်းသိသည်။ ဒါပေမယ့် မှိုင်းခေါင် နည်းလမ်းမျိုးစုံ သုံးခဲ့သည့်တိုင်အောင် ရှိုင်းငယ်ထံမှ ဘာစကားမှ ထွက်မလာခဲ့ပေ။

ဘာတွေကို ဒီလောက်တောင်
ဖုံးဖိချင်နေတာလဲ ရှိုင်းငယ်....။

အကြိမ်အခါခါ မေးနေမိသော မေးခွန်းဖြစ်သည်။ သို့သော် အဖြေမရှိခဲ့ခြင်းမှာ မှိုင်းခေါင်ကို စိတ်ဖိစီးစေလေသည်။

>>>>>>>>>>>>>>>

"မင်း...ရူးသွားပြီလား....ဟုတ်တယ် တကယ်ကိုရူးသွားတာပဲ"

ရေချိုးခန်းထဲရှိ မှန်ရှေ့တွင် တစ်ယောက်တည်း စကားပြောနေသော အလင်းဝေသည် သူ့ဆံပင်တွေကို စိတ်ပျက်စွာဖြင့် ဆွဲဖွလိုက်သည်။

ဘာလို့ပြောလိုက်မိတာလဲ....။
ဒါဟာ အိပ်မက်ဖြစ်ရင် သိပ်ကောင်းမှာပဲ။

ငွေမှိုင်းလင်းဝေ...(ငွေမှိုင်းလင်းဝေ....)Z/U(Completed)Where stories live. Discover now