"ဒါတွေကို ကျောင်းရှေ့က ခွေးတွေကိုပဲ ကျွေးလိုက်ပါ...
စိန်နားကပ်အရောင်ကြောင့် ပါးပြောင်တယ်ဆိုတာ အရောင်ထင်ဟပ်မှုတစ်ခုပဲလေ...အစားကောင်းစားရတယ်ဆိုတိုင်း လမ်းဘေးခွေးကနေ သိန်းသောင်းချီတန်တဲ့ တန်ဖိုးကြီးခွေးဖြစ်သွားတာ မဟုတ်ဘူး...အစာကျွေးမယ့်သူ ရှိနေသရွေ့...
သူတို့ဗိုက်လေးတွေ ဝနေပါစေ..."အလင်းဝေ၏စကားသံမှာ ပတ်ဝန်းကျင်ရှိ ဆူညံမှုများကြားမှ ပြတ်ပြတ်သားသား ပေါ်ထွက်ခဲ့ပြီး မှိုင်းခေါင်ဝေဦးသည်လည်း အံကြိတ်ထားရာမှ တောက်တချက် ခေါက်လိုက်သည်။ ထိုတောက်ခတ်သံကို ကျောင်းသားများအကြားတွင် ပျောက်ကွယ်သွားပြီဖြစ်သော အလင်းဝေကတော့ မကြားခဲ့ရ...။
မှိုင်းခေါင်ဝေဦးသည် တောက်ခတ်ရုံမျှနှင့် မကျေနပ်နိုင်ဘဲ ငွေရှိုင်း လက်ထဲရှိ ပန်းကန်ပြားကို ဆွဲယူကာ ကြမ်းပြင်ပေါ်သို့ အားထည့်၍ ပစ်ပေါက်လိုက်သည်။ အစားအစာတစ်ချို့မှာ ငွေရှိုင်း၏ပုဆိုး အောက်ဖျားထက်သို့ လာစင်သည်။
ပန်းကန်ကျကွဲသံကြောင့် ပတ်ဝန်းကျင်ရှိ ဆူညံသံများမှာ တစ်ခဏတော့ ပျောက်ကွယ်သွားသည်။သို့သော်လည်း အသံလာရာကို သိရသည်နှင့် ထိုဆူညံသံများ... ပို၍ကျယ်လောင်လာရသည်။
မိမိတို့ထံသို့ ဝိုင်းအုံလာသည့် အကြည့်မျိုးစုံကို ငွေရှိုင်းခံစားမိသည်။ တီးတိုးပြောဆိုနေကြသည့် စကားသံများကိုလည်း ကြားနေရသည်။
ကျောင်းသားများသည် အဖြစ်အပျက်အလုံးစုံကို မတွေ့မမြင် လိုက်ကြရသဖြင့် ညီအစ်ကိုနှစ်ယောက်ကြားတွင် ပြဿနာတစ်စုံတစ်ခု ဖြစ်သွားသည်ဟုသာ ထင်ကြလိမ့်မည်။ထိုအချိန်တွင် မှိုင်းခေါင်ဝေဦးသည် ထမင်းပန်းကန်ကို ငွေရှိုင်းထံတွင် ထားခဲ့ပြီး တခြားတစ်နေရာသို့ ထွက်သွားပြီဖြစ်သည်။ ငွေရှိုင်းသည်လည်း မှိုင်းခေါင်ဝေဦးဆီသို့ လိုက်သွားရန် ရည်ရွယ်၍ ပန်းကန်နှစ်ချပ်စလုံးကို အနီးအနားရှိ စားပွဲတစ်ခု၌ ထားရစ်ခဲ့သည်။
ခပ်မြန်မြန်သွားနေသူနောက်သို့ မှီအောင်လိုက်ရင်း ခေါ်နေကျ အမည်နာမတစ်ခုဖြင့် ခြေလှမ်းတို့ကိုရပ်စေချင်သဖြင့် "ကိုကို"ဟု လှမ်းခေါ်လိုက်သည်။ ပတ်ဝန်းကျင်တွင် မိမိတို့ကဲ့သို့ သွားလာနေသူများရှိနေသဖြင့် အသံကျယ်ကျယ်မထွက်နိုင်ခဲ့။ ဤကဲ့သို့ ပြေးလိုက်နေသည်ကိုပင် ထိုသူများက အထူးအဆန်းသဖွယ် ကြည့်နေကြသည်။
YOU ARE READING
ငွေမှိုင်းလင်းဝေ...(ငွေမှိုင်းလင်းဝေ....)Z/U(Completed)
פרוזה(Zawgyi) နေရယ်...လရယ်....ကြယ်ရယ်... တစ်မိုးအောက်မှာ အတူရှိကြပေမယ့် မင်းတို့နှစ်ယောက်နဲ့ယှဉ်ရင် ပျောက်ကွယ်ပေးရတဲ့ ငါ့အဖြစ်က...နေလို.... (Unicode) နေရယ်...လရယ်....ကြယ်ရယ်... တစ်မိုးအောက်မှာ အတူရှိကြပေမယ့် မင်းတို့နှစ်ယောက်နဲ့ယှဉ်ရင် ပျောက်ကွယ်ပေးရတဲ့...