Part 27(Zawgyi)

407 49 37
                                    

စိတ်ထဲတွင် မတင်မကျဖြစ်နေသည့် အရာတစ်ခုကြောင့်  သိသိသာသာ တိတ်ဆိတ်နေခဲ့မိသော ကျွန်တော့ကို ကြီးစန်းက "နေမကောင်းဘူးလား..." ဟုမေးရင်း နဖူးကို ခပ်ဖွဖွစမ်းလေသည်။ ကြီးစန်းကိုတော့ တစ်နေကုန် စာသင်နေရလို့ ပင်ပန်းနေတာဟူ၍သာ လိမ်ပြောဖြစ်ခဲ့သည်။ ကျွန်တော်ငြိမ်နေမိတာက ဟိုညီအစ်ကို နှစ်ယောက်ကြောင့် ဆိုတာကိုတော့ ကျွန်တော့ကိုယ်စောင့်နတ်သာ သိပါစေလေ။

ဒီပဟေဠိကို ရအောင် ဖော်ထုတ်မယ်လို့သာ ကြုံးဝါးထားတာ တကယ်တမ်းကျတော့ ကျွန်တော့မှာ ဘယ်သူ့ကို ဘယ်လို သွားမေးရမှန်းလည်းမသိ။ သူများအိမ်တွင်းရေးကို စပ်စုတယ်ဟု အထင်ခံရမှာကိုလည်း မကြိုက်ချင်။ နောက်ဆုံးမှာတော့ "ငါ့စိတ်က လျှောက်တွေးနေမိတာပဲ ဖြစ်မှာပါ..."ဟူ၍ ဖြေသိမ့်လိုက်ရသည်။

စိတ်ကို လှည့်စားလိုက်ရခြင်းက ပစ္စည်းတစ်ခုကို ဖွက်ထားပြီး မရှိတော့ဘူးလို့ တစ်စုံတစ်ယောက်ဆီမှာ လိမ်ညာခံလိုက်ရတာမျိုးနဲ့ အတူတူပဲ။ တစ်နေရာရာမှာ အဲ့ဒီပစ္စည်းရှိနေလိမ့်မယ်လို့ ယုံကြည်နေပေမယ့် ဖွက်ထားတာကြောင့် ကျွန်တော်တို့မမြင်နိုင်ဘူး။

အဲ့လိုပဲလေ မမြင်နိုင်တဲ့အရာတွေကို
ဆက်ပြီးရှာဖွေနေရင် ဒါဟာ အချိန်ဖြုန်းတာပဲပေါ့။
.
.

နေ့စဉ်ပုံမှန်လည်ပတ်နေခဲ့သော အချိန်စက်ဝန်းတွင် ထူးဆန်းသည့် အဖြစ်အပျက်များ ထပ်မရောက်လာ သော်လည်း ပြိုင်ဆိုင်ရသော ကိစ္စများကတော့ ရှိနေဆဲဖြစ်ပါသည်။ အထူးသဖြင့် မှိုင်းခေါင်ဝေဦးနှင့် အလင်းဝေတို့ အကြားတွင် ပြိုင်ဆိုင်မှုက ပိုမိုပြင်းထန်သည်။

ဥပမာအားဖြင့်ဆိုရသော် သင်္ချာပုစ္ဆာတွေကို အဖြေအရင်ထွက်အောင် ပြိုင်တွက်ကြခြင်း၊၊ မြန်မာစာလေ့ကျင့်ခန်းတွေကို သူ့ထက်ငါ အရင်ပြီးအောင် ရေးကြခြင်း..၊.ဇီဝဗေဒ စာပိုဒ်တွေကို ဆရာမဆီမှာ ဦးအောင် ဆိုကြခြင်း...အစရှိသဖြင့်....။

ဆယ်တန်းစာမေးပွဲဖြေရန် နီးကပ်လာသည်နှင့်အမျှ
လူငယ့်ပန်းတိုင်ရှိ ဆယ်တန်းကျောင်းသားများအတွက် ဖြတ်သန်းရသော နေ့ရက်များမှာလည်း ပိုမိုခက်ခဲလာခဲ့သည်။ တစ်နေကုန်စာသင်ရသည့်အပြင် နေ့တက်ဘော်ဒါတွင်ပါ ညအိပ်ရင်း စာကျက်ကြရသည်။ ထိုအချိန်တွင် မတည့်သော်လည်း အတူနေနေကြရသည့် မှိုင်းခေါင်ဝေဦးနှင့် အလင်းဝေတို့တွင်လည်း ရွေးချယ်စရာမရှိဘဲ တစ်နေရာတည်းတွင် အတူတူ စုအိပ်ကြရတော့သည်။

ငွေမှိုင်းလင်းဝေ...(ငွေမှိုင်းလင်းဝေ....)Z/U(Completed)Where stories live. Discover now