Part 35(Unicode)

726 77 10
                                    

ညဆယ်နာရီထိုးနေပြီဖြစ်သည်။ ယခုအချိန်အထိ မှိုင်းခေါင်ဝေဦးတစ်ယောက် ပြန်မလာသေးသောကြောင့် ငွေရှိုင်းသည် ဧည့်ခန်းထဲတွင် ရုပ်ရှင်ကြည့်ရင်း ထိုင်စောင့်နေလေသည်။ သူဖုန်းခေါ်ကြည့်သော်လည်း လူကြီးမင်းနှင့်သာ တိုးနေသောကြောင့် ဆက်မခေါ်ဖြစ်။ မှိုင်းခေါင်ရဲ့ဒရိုင်ဘာကို ဖုန်းဆက်ကြည့်မယ်ဟု စဉ်းစားလိုက်သော်လည်း ကားမောင်းနေလျှင် အနှောင့်အယှက် ဖြစ်မည်စိုး၍ ဖုန်းမခေါ်ဖြစ်တော့ပေ။

ဆယ့်ငါးမိနစ်ခန့်ကြာသောအခါတွင် ခြံထဲသို့ ကားဝင်လာသောအသံကို ကြားလိုက်ရသည်။ ငွေရှိုင်းသည် အိမ်တံခါးအဝသို့ ထွက်လာသည်။ ဆင်ဝင်အောက်တွင် ကားရပ်လိုက်သည်နှင့် ဒရိုင်ဘာက အရင်ထွက်လာကာ ကားနောက်ခန်းတံခါးကိုဖွင့်၍ မှိုင်းခေါင်ကို တွဲထုတ်လာသည်။ မှိုင်းခေါင်သည် မတ်မတ်မရပ်နိုင်။ မျက်လုံးလည်း မဖွင့်နိုင်သည့်အပြင် သူ့ခန္ဓာကိုယ်မှာလည်း ယိမ်းထိုးနေသည်။

"ကိုကို သောက်လာတာလား..."

ငွေရှိုင်းရဲ့မေးခွန်းကို ဖြေမည့်သူမရှိသော်လည်း အပြင်အထိပင် လျှံထွက်နေသော အရက်နံ့များကြောင့် လူမှန်းသူမှန်းမသိအောင် မူးလာသည်အထိ သောက်ခဲ့ကြောင်း သိလိုက်သည်။

"လာ..လာ..ကျွန်တော့ကျောပေါ်ကို တင်ပေးလိုက်..."

မှိုင်းခေါင်ရဲ့ သန်မာသော ကိုယ်ခန္ဓာသည် ငွေရှိုင်းရဲ့ကျောကုန်းပေါ်သို့ ရောက်လာသည်။ ကိုယ်လုံးမှာ ပျော့ခွေနေသည်ဖြစ်၍ သယ်ပိုးရခြင်းမှာ နှစ်ဆပိုလေးသော်လည်း ငွေရှိုင်းကတော့ မှိုင်းခေါင်ကိုထမ်းလျှက် အပေါ်ထပ်အထိ ရောက်အောင် တက်ခဲ့သည်။

မှိုင်းခေါင်သည် သူ့ရဲ့မျက်လုံးကို အားကုန်သုံး၍ ဖွင့်ကြည့်လာသည်။ ပထမဆုံးမြင်လိုက်ရသည်မှာ ရွေ့လျားနေသော လှေကားထစ်တွေကို ဖြစ်သည်။ သူကတော့ တစ်စုံတစ်ယောက်ရဲ့ ကျောပြင်ပေါ်တွင် ရှိနေသည်။ နွေးထွေးတယ်လို့ ခံစားရသော ကျောပြင်သည် ရှိုင်းငယ်ရဲ့ကျောပြင်ဖြစ်နေသည်။

*ဒီကောင်လေးက မငယ်တော့ဘူးဘဲ...။ မှိုင်းခေါင်ရဲ့
ကိုယ်ခန္ဓာကို ထမ်းနိုင်တဲ့ အင်အားတွေ သူ့မှာရှိနေပြီ...။

ငွေမှိုင်းလင်းဝေ...(ငွေမှိုင်းလင်းဝေ....)Z/U(Completed)Where stories live. Discover now