Part 25(Unicode)

720 86 19
                                    

အရှေ့ဘက်ခန်းရှိ ကိုးတန်းဝိုင်းမှ စကားသံများ တိတ်ဆိတ်သွားသည်။ ထို့နောက် တံခါးတွန်းဖွင့်သံ ကြားရပြီးသည်နှင့်မကြာ လိုက်ကာနောက်မှ ထွက်လာသော အသားညိုညို၊ အရပ်ရှည်ရှည်နှင့် အသက်လေးဆယ်အရွယ် ပိန်သွယ်သော အမျိုးသားတစ်ယောက်ကို တွေ့လိုက်ရသည်။ ပါးဆုံရိုးနှစ်ဖက် ထင်းလျှက်ရှိသော ထိုအမျိုးသားသည် လူငယ့်ပန်းတိုင်မှ အင်္ဂလိပ်စာဆရာဖြစ်သည်။

"Good evening... "

"Good evening sir..."

တခြားသူများနည်းတူ ငွေရှိုင်းတို့လည်း ရောယောင်၍ နှုတ်ဆက်လိုက်သည်။ ဆရာ့နာမည်မှာ ဦးအောင်အောင်ဟု သိရလေသည်။ မျက်နှာချိုပြီး အေးဆေးပုံရသော်လည်း ဆရာ့တွင် အရှိန်အဝါတစ်ခု ကိန်းဝပ်နေသကဲ့သို့ ဆရာရောက်လာကတည်းက ကျောင်းသားများအားလုံး ငြိမ်ကုတ်နေကြသည်။

ဆရာဦးအောင်အောင်သည် မှိုင်းခေါင်ဝေဦးနှင့် ငွေရှိုင်းတို့ကိုကြည့်ပြီး

"အသစ်ရောက်လာတဲ့..နောက်ဆုံးက သားနှစ်ယောက်.
မင်းတို့နာမည်ကို အားလုံးသိရအောင် မိတ်ဆက်စမ်းကွာ..." ဟုပြောလေသည်။

ငွေရှိုင်းနှင့်မှိုင်းခေါင်ဝေဦးတို့သည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေကြသည်။ အရှေ့တန်းမှ ကျောင်းသားတွေကလည်း အနောက်သို့ လှည့်ကြည့်နေသဖြင့် မှိုင်းခေါင်ဝေဦးက ချောင်းတစ်ချက်ဟန့်ပြီး အရင်ထရပ်လိုက်သည်။

"နေ....နေ....ထိုင်ပြီးတော့ပြော..."

မှိုင်းခေါင်ဝေဦးက ထိုင်ခုံတွင် ပြန်ထိုင်လိုက်ပြီး
သူ့နာမည်ကို ပြောလိုက်သည်။

"My name is Hmine Khaung Wai Oo..."

မှိုင်းခေါင်၏ အင်္ဂလိပ်စကားသံမှာ ကြည်လင်ပီသစွာ ထွက်ပေါ်သွားခဲ့သည်။

"မှိုင်းခေါင်ဝေဦး...နာမည်နဲ့လိုက်အောင်..
မျက်နှာကလည်း မှုန်မှိုင်းထားတာလားကွ..."

အလင်းဝေအပါအဝင် ကျန်တဲ့သူတွေက ဆရာ့နောက်မှ လိုက်ရယ်ကြသည်။ မှိုင်းခေါင်ကတော့ အောင့်သက်သက် ဖြစ်သွားသောကြောင့် မရယ်ဖြစ်ပါ။ သူက အငယ်တွေ ဝိုင်းရယ်တာကို ခံလိုက်ရတဲ့သူ မဟုတ်လား..။

ငွေမှိုင်းလင်းဝေ...(ငွေမှိုင်းလင်းဝေ....)Z/U(Completed)Where stories live. Discover now