Part 24(Unicode)

703 82 5
                                    

ကားလမ်းချောင်သောကြောင့် ကျူရှင်သို့ စောစောစီးစီးရောက်လာသည်။ ကျန်တဲ့သူတွေကိုတော့ ဖယ်ရီကားက သွားခေါ်နေတုန်းမို့ အခန်းထဲတွင် အလင်းဝေတစ်ယောက်တည်းသာ ရှိနေသည်။ လေးနာရီအတိတွင် engစာအရင်သင်မည်ဖြစ်သဖြင့် ဖတ်စာအုပ်ထုတ်ကာ သင်လက်စနေရာမှ စာပိုဒ်တွေကို ပြန်ဖတ်နေသည်ဆိုသော်လည်း စိတ်ကတော့ ငွေရှိုင်းနှင့်မှိုင်းခေါင်ဝေဦးတို့ ထံသို့ရောက်နေလေသည်။

ကျောင်းလွှတ်တဲ့အချိန်အထိ ငွေရှိုင်းကိုမခေါ်မိစေဖို့ စိတ်ကို ထိန်းထားနိုင်ခဲ့သည်ဆိုသော်လည်း သေချာစဉ်းစား ကြည့်လိုက်သောအခါတွင် ဤကဲ့သို့ပြုမူလိုက်ခြင်းအားဖြင့် အလင်းဝေအတွက် ဘာအကျိုးမှမရှိ။ ငွေရှိုင်းနှင့်ပိုဝေးသွားရုံသာ အဖတ်တင်မည်။ ထို့ကြောင့် နောက်တစ်နေ့မနက်တွင် ငွေရှိုင်းကို ပုံမှန်အတိုင်းပြန်ဆက်ဆံမည်ဟု ဆုံးဖြတ်လိုက်သည်။

.
.
"ကိုကြီးရေ...ဆရာမက အပေါ်ခဏတက်လာခဲ့ပါတဲ့..."

အပေါ်ထပ်က ရှစ်တန်းကောင်လေးတစ်ယောက် လာခေါ်တာနဲ့ အလင်းဝေလည်း သူ့နောက်ကနေ မြန်မြန်လိုက်သွားလိုက်ရသည်။ ဖိနပ်တွေအများကြီး စီတန်းချွတ်ထားသော အခန်းရှေ့သို့ အရောက်တွင် နေရာလွတ်တစ်ခု၌ ဖိနပ်ချွတ်ပြီး ဟထားသောတံခါးကို ဖွင့်ဝင်လိုက်သောအခါ အထဲမှအသံများကို ပို၍သဲကွဲစွာကြားရလေသည်။

အလင်းဝေ တက်နေသည့် နေ့တက်ဘော်ဒါနာမည်မှာ လူငယ့်ပန်းတိုင်ဖြစ်ပြီး ရှစ်တန်းမှ ဆယ်တန်းအထိ တစ်တန်းလျှင် နှစ်ဝိုင်းစီနှင့် တိုက်ခန်းနှစ်ခန်းတွင် ခွဲသင်သည်။ အပေါ်ထပ်မှာတော့ ရှစ်တန်းနှစ်ဝိုင်းနဲ့ ဆယ်တန်းရိုးရိုးဝိုင်းရှိသည်။ တည်ထောင်သူ ဆရာမရဲ့ စားပွဲမှာလည်း ဝင်ဝင်ချင်းတွင်ရှိလေရာ အလင်းဝေတစ်ယောက် တံခါးဖွင့်လိုက်ကတည်းကပင် ဆရာမနှင့်စကားပြောနေသူများကို မြင်ရလေသည်။

ငွေရှိုင်း....၊angry birdအနီကောင်.၊..ပြီးတော့ အဖေ....။ အဖေကိုယ်တိုင် သူတို့ကို လိုက်အပ်ပေးတာလား...။

အလင်းဝေအလှည့်တုန်းကတောင် အဖေမအားလို့ ကြီးကြီးစန်းနဲ့နှစ်ယောက်တည်းလာခဲ့ရတာလေ။ အခုတော့....။

ငွေမှိုင်းလင်းဝေ...(ငွေမှိုင်းလင်းဝေ....)Z/U(Completed)Where stories live. Discover now