Part 4(Unicode)

1.4K 143 11
                                    

Green Leaf၏ mainအဝင်ပေါက် တည့်တည့်တွင် ကားနက်ကြီးတစ်စီး ရပ်ထားလေသည်။ ခန့်ညားပြောင်လက်သော ကိုယ်ထည်နှင့် အလင်းရောင်ပင် တိုးမပေါက်နိုင်သော မှန်အနက်များကြောင့် စျေးကြီးသော ကားတစ်စီးဖြစ်ကြောင်း အမြင်နှင့်တင် ခန့်မှန်းနိုင်သည်။

ကျောင်းဆင်းချိန်ဖြစ်၍ ကျောင်းသား၊ ကျောင်းသူများ ရှုပ်ယှက်ခတ်နေပြီး မိမိတို့ကို လာကြိုသော ကားများဆီသို့ မြန်မြန်ရောက်အောင် သွားလာနေကြသည်။ ထိုသူများအထဲတွင် ငွေရှိုင်းသည်လည်း အပါအဝင်ဖြစ်သည်။

Mainအဝင်ပေါက်သို့ ရောက်သောအခါ အသင့်ရပ်ထားသော ကားအတွင်းသို့ တုံ့ဆိုင်းခြင်းမရှိဘဲ ဝင်ထိုင်လိုက်သည်နှင့် ပြတ်သားသော အသံသြသြကိုပါ ငွေရှိုင်းကြားလိုက်ရသည်။

"ဘာလုပ်နေလို့ ကြာနေတာလဲ...."

ငွေရှိုင်းသည် ကားတံခါးပိတ်သံနှင့်အတူ
မှိုင်းခေါင်ဝေဦးကို လှည့်ကြည့်လာသည်။ ကျောပိုးအိတ်ကို မချွတ်နိုင်သေးဘဲ မှိုင်းခေါင်ဝေဦးထံမှ အပြစ်တင်လိုသော အဓိပ္ပာယ်သက်ရောက်နေသည့် မေးခွန်းအတွက် ဖြေရှင်းချက် အရင်ပေးမိသည်။

"ဆရာမက ခေါင်းလောင်းထိုးပြီး နည်းနည်းကြာမှ လွှတ်လိုက်လို့ပါ...."

မှိုင်းခေါင်ဝေဦး၏ တွန့်ချိုးထားသော မျက်ခုံးနှစ်ဖက်သည် ပြေလျော့ခြင်းမရှိသေးပေ။ သိမ်းငှက်မျက်လုံးကဲ့သို့ စူးရှသော အကြည့်များကြောင့် ငွေရှိုင်းမျက်နှာလွှဲမိသည်။
တစ်ခုခု မှားယွင်းနေကြောင်း သတိထားမိသော်လည်း ဘာကြောင့်ဟူသည်တော့ ငွေရှိုုင်းလည်းသေချာမသိပေ။

သေချာမသိသည်ထက် အကြောင်းအရင်း မယ်မယ်ရရမရှိဘဲ စိုက်ကြည့်တတ်သော မျက်ဝန်းများကို တစ်ခါမှ အဓိပ္ပါယ်မဖော်နိုင်ခဲ့သည်ဆို ပိုမှန်လိမ့်မည်။

ငွေရှိုင်းသည် ကားဘီးလှိမ့်ပြီး ခပ်ဝေးဝေးသို့ရောက်တော့မှ ကျောပိုးအိတ်ချွတ်ဖို့ သတိရသည်။ တိတ်ဆိတ်သည်ထက်ပို၍ တိတ်ဆိတ်နေသော အခြေအနေကြောင့် ပြတင်းပေါက်မှန်ကိုမှီရင်း အပြင်ဘက်သို့သာ ငေးနေမိသည်။

ငွေမှိုင်းလင်းဝေ...(ငွေမှိုင်းလင်းဝေ....)Z/U(Completed)Where stories live. Discover now