Final( part 1)(Unicode)

1.6K 85 8
                                    

ငွွေရှိုင်းနဲ့အလင်းဝေတို့
ပျောက်သွားခဲ့တာ ငါးရက်ရှိလာပြီဖြစ်သည်။

ညနေစောင်းအချိန်တွင် ငွေရှိုင်းတစ်ယောက်တည်း ဝရန်တာတွင် ထွက်ထိုင်နေသည်။ သူ့ရဲ့မြင်ကွင်းထဲတွင် သစ်ပင်စိမ်းစိမ်းတို့နှင့် လူသူမရှိသော လမ်းမတစ်ခုသာ ရှိနေသည်။တိတ်ဆိတ်သော ပတ်ဝန်းကျင်ဖြစ်သောကြောင့် အေးချမ်းလှသည်ဆိုသော်လည်း ငွေရှိုင်းရဲ့စိတ်ထဲတွင်တော့ မွန်းကြပ်နေသည်။

ဖုန်းကို အချိန်ကြာမြင့်စွာ ဆုပ်ကိုင်ထားခဲ့သောကြောင့် သူ့ရဲ့လက်ဖဝါးပြင်တွင် ချွေးထွက်လာပြီဖြစ်သည်။ ငါးရက်လုံးလုံး ဖုန်းစက်ပိတ်ထားသည့်အတွက် ပါဝါခလုတ်ကို ပြန်ဖွင့်ဖို့ကိုပင် သူတွန့်ဆုတ်နေရသည်။ သူဖွင့်လိုက်တာနဲ့ တစ်ပြိုင်နက် ဖုန်းမျက်နှာပြင်မှာ တွေ့လိုက်ရမည့် ph callတွေကိုလည်း မကြည့်ရဲလောက်အောင်ဖြစ်နေသည်။

သဲခင်းထားသော လမ်းမထက်တွင် ထော်လာဂျီတစ်စီး ဖြတ်သန်းသွားသောအခါ သူ့အနောက်မှ ကပ်ပါလာသော ဖုန်လုံးများသည် လေအဝှေ့တွင် အရပ်ရှစ်မျက်နှာဆီသို့ လူးလာပြန့်ကျဲကုန်သည်။ ထိုဖုန်လုံးများကို ငွေရှိုင်းတစ်ယောက် ငေးကြည့်နေစဉ်တွင် အလင်းဝေက သူ့ကို နောက်ကျောဘက်မှ သိုင်းဖက်လိုက်သည်။

အလင်းဝေသည် ခွေးပေါက်လေးတစ်ကောင်ကဲ့သို့ ငွေရှိုင်းရဲ့ကုတ်ပိုးထက်တွင် ခေါင်းလေးတိုးဝှေ့နေပေသည်။ အလင်းဝေနဲ့အတူရှိနေရခြင်းကို ငွေရှိုင်းပျော်ပါသည်။ သို့သော်လည်း သူစိတ်ပူနေရသူတစ်ယောက်ကြောင့် သူ့မျက်နှာတွင် အပြုံးပန်းတို့က ပြည့်ပြည့်ဝဝ မပွင့်လန်းနိုင်ဖြစ်နေကြသည်။

"အလင်းဝေ ငါ ဖုန်းပြန်ဖွင့်လိုက်ရင် ကောင်းမလား..."

သူအနောက်လှည့်ပြီးမေးလိုက်တော့ အလင်းဝေက သူ့ကို
ရှုတည်တည်နှင့် စိုက်ကြည့်နေသည်။

"ဖွင့်ပြီးတော့...."

အလင်းဝေက သူ့ကို လက်ပိုက်ကြည့်နေလျှက်
အဆုံးမသတ်သော မေးခွန်းတစ်ခုမေးခဲ့သည်။ အလင်းဝေရဲ့မေးခွန်းကို ငွေရှိုင်းက သူ့ရဲ့စိတ်ထဲမှ ကိုယ့်ဘာသာ ဖြည့်စွက်လိုက်သည်။

ငွေမှိုင်းလင်းဝေ...(ငွေမှိုင်းလင်းဝေ....)Z/U(Completed)Where stories live. Discover now