အပိုင်း 23(ZawGyi&Unicode)

1.4K 163 27
                                    


နှုန်းချိစွာအိပ်ပျော်သွားရခြင်း အကျိုးရလဒ်က အဲ့ဒီနှိုးထလာတဲ့မနက်ခင်းမှာ ခံစားလို့အကောင်းဆုံးဆိုတာ အလကားပြောထားတာတော့မဟုတ်ဘူးထင်သည်။

ရှောင်းကျန့်မျက်လုံးအစုံကိုဖွင့်ချလိုက်ပေမဲ့ သူ့အမြင်အာရုံကတော့ မှောင်မည်းနေခဲ့တယ်။ သို့ပေမဲ့ သူခံစားနေမိတဲ့ခံစားမှုက ဒါဟာမနက်ခင်းအချိန်လေးပါလို့ အလိုအလျောက်သတိပေးနေသလိုပေါ့။

နောက်ပြီး သူ့ရင်ခွင်ထဲကပြည့်ပြည့်နင့်နင့်ကိုယ်လုံးလေးက သိသာစွာရှိနေသေးသည်။ ရှောင်းကျန့် လက်ကလေးနဲ့ ဟိုစမ်းသည်စမ်း စမ်းကြည့်တော့ ကျောပြင်နုနုလေးကို တို့ထိမိသွားရင်း ပိုပြီးတိုးခွေ့လာခဲ့တဲ့ ရိပေါ်ရဲ့ခန္ဓာကိုယ်က ကလေးငယ်လေးလို သူ့ဆီတိုးကျို့လို့။ ရှောင်းကျန့်ခပ်တိုးတိုးရယ်ရင်းသာ ကောင်လေးရဲ့ ကျောပြင်ကိုချော့မြူပွတ်ပေးနေလိုက်သည်။ ဘယ်နှစ်နာရီထိုးနေမှန်းမသိပေမဲ့ ဒီကလေးအိပ်ရေးမဝသေးဘူးဆိုတဲ့စိတ်နဲ့ အလိုလိုက်ထားမိချင်တဲ့ သူ့လိုက်လျောမှု။

ဆယ့်ငါးမိနစ်အချိန်မျှဟာ အိပ်ရာထက်ဒီအတိုင်းကျော်လွန်းသွားခဲ့သည်။ ရှောင်းကျန့် မျက်လုံးဖွင့်လျက်နဲ့ မျက်နှာကျက်ကိုသာအကြည့်ချထားခဲ့ရင်း သူ့လက်ကတော့ ရိပေါ်ရဲ့ကျောပြင်လေးထက်က မဆင်းခဲ့လေဘူး။ တဖွဖွပွတ်သပ်ပေးနေခဲ့ပြီး ဟိုတွေးဒီတွေးနဲ့ မှောင်မည်းမည်းကမ္ဘာထဲသာ လမ်းပျောက်နေခဲ့တယ်။

တကယ်ပဲသူက ရိပေါ်ကို ဒုက္ခတွင်းထဲဆွဲချခဲ့သလိုဖြစ်နေခဲ့ပြီလားဆိုတာက....

*ကျွန်တော့နောက် အဆုံးထိလိုက်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ် *

မနေ့ညက ဝမ်းသာပီတိအပြည့်နဲ့ပြောထွက်လာခဲ့သော ရိပေါ်ရဲ့စကား။

ရှောင်းကျန့် မနက်ထထချင်းမှာပဲ မျက်ရည်တွေဝေနေခဲ့ပြီ။ ဘာလို့ဒီအသက်အရွယ်နဲ့လူငယ်လေးက သူ့ကိုဘဝတစ်ခုလုံးပုံအောပြီးတောင် ချစ်တတ်နေခဲ့ရပြန်တာလဲ။

" ဒီလူက ဘယ်လောက်တောင်များ တန်ဖိုးရှိနေခဲ့တဲ့လူမို့လဲကွာ။ "

တ​ယောကြိုး​လေးထက်​ရစ်​ပတ်​နှောင်​ဖွဲ့သည်​(Completed)Waar verhalen tot leven komen. Ontdek het nu