အပိုင်း 43(ZawGyi&Unicode)

871 102 15
                                    


*မား အဲ့ဒီပုံတွေ သားကိုထပ်မပို့လို့မရဘူးလား! *

ပြိုင်ပွဲစင်ပေါ်တက်ခါနီး နှစ်ဖွဲ့လောက်သာကျန်တော့တဲ့အချိန် ဖုန်းထဲရောက်လာတဲ့ပုံတွေကိုကြည့်ပြီး ရိပေါ်  ခန်းမအပြင်ဘက်ထွက်ကာ အော်ငေါက်မိတော့သည်။

အမြဲတမ်း ရှောင်းကျန့်နဲ့ အဲ့ဒီချန်ဖုန်းဆိုတဲ့လူရဲ့ လှုပ်ရှားမှုတွေကို အဆက်မပြတ်ပို့နေတဲ့ မားက ဘယ်လိုစိတ်နဲ့ပဲဖြစ်ဖြစ် လက်တွေ့မှာ စိတ်ပျက်အောင်လုပ်ပြနေခဲ့တာဟာ ရှောင်းကျန့်ကိုယ်တိုင်မို့ မားရဲ့သွေးထိုးမှုလို့ဆိုနိုင်တဲ့လုပ်ရပ်တွေကို သည်းခံသင့်သလောက် သည်းခံခဲ့ပြီးပြီ။

ဒါပေမဲ့ နောက်ထပ် သွေးထိုးမှုပဲဖြစ်ဖြစ် အစစ်အမှန်ပဲဖြစ်ဖြစ် သူသိကိုမသိချင်တော့လောက်အောင် စိတ်ပျက်နေခဲ့တာ။ ရက်ပိုင်းလောက်သာ စောင့်ရတော့မဲ့ အိမ်ပြန်ချိန်အတွက် အများကြီး ပြင်ဆင်ထားပြီးပြီ။ အခုချိန်လေးတော့ သူ့မှာဘာမှမရှိခဲ့သလိုနေဖို့လုပ်ထားခဲ့ပေမဲ့ နောက်ဆုံးအထိကို သစ္စာဖောက်မှုတွေကို ရရှိလာတဲ့သူက ဘယ်လိုစိတ်နဲ့များ အောင်မြင်အောင်လုပ်ရမှန်းမသိဘူး။

*ပို့ချင်လွန်းလို့လည်း မဟုတ်ဘူး။ မင်း အဲ့ဒီလောက်ထိ အဖြစ်သည်းခဲ့တဲ့သူက မင်းနောက်ကွယ်မှာ ဘယ်လိုရှိနေပါတယ်ဆိုတာ မားက သိစေချင်ရုံပဲ။ မင်းချစ်ပေးခဲ့သလောက် သူကဘယ်လာက်ထိများ တုံပြန်ပေးနေသလဲ အခုလက်တွေ့သိရတယ်မဟုတ်ဘူးလား။ *

*သား သိတယ် မားရဲ့။ သားအကုန်နားလည်တယ်။ သူ့ဟာသူ ဘယ်သူနဲ့ဖောက်ပြန် ဖောက်ပြန် စိတ်မဝင်စားတာမို့ ထပ်ပြီးလာမပြောနဲ့တော့။ ရှင်းစရာရှိတာ သား သူနဲ့ပဲတိုက်ရိုက်လာရှင်းမှာမို့ အခုအချိန်အတွင်းတော့ စိတ်အနှောက်အယှက်မပေးပါနဲ့လား။ သားမှာ အဲ့တာတွေအတွက်လိုက်ခံစားပြီး ဘာမှမလုပ်နိုင်တဲ့သူလို နေလို့မရတော့ဘူး။ *

ခပ်မာမာစကားတွေနောက် တစ်ဖက်က အေးစက်စက်အသံနဲ့ မားက သူ့ကို မသိနားမလည်တဲ့ ကလေးလိုသဘောထားကာ ရယ်နေသည်။ မခံသည့်မခံသာနဲ့ ရိပေါ်ဟာ နံရံကိုခြေထောက်နဲ့ ဆောင့်ကန်ရင်း မျက်လုံးတွေကို မှိတ်ချပစ်လိုက်သည်။ နေကြာပန်းစည်းတစ်စည်းနဲ့ သာယာကြည်နူးနေတဲ့ ရှောင်းကျန့်ရဲ့ပုံရိပ်တွေဟာ သူ့အမြင်အာရုံထဲ မသထီစရာတစ်ခုလိုတရိပ်ရိပ်။

တ​ယောကြိုး​လေးထက်​ရစ်​ပတ်​နှောင်​ဖွဲ့သည်​(Completed)Where stories live. Discover now