အပိုင်း 51(ZawGyi&Unicode)

1.2K 110 8
                                    


"ကျွန်မ...ကျွန်မဆက်ပြီးမလုပ်သင့်တော့ဘူးထင်တယ်။ "

ကတုန်ကယင်နဲ့ မျက်နှာပျက်ယွင်းနေတဲ့ဟွားဟွားကို ရိပေါ်မားမားက စိတ်ပျက်စွာနဲ့ကြည့်တယ်။

အမှန်တော့ ဟွားဟွားရဲ့စိတ်အရင်းခံက ကြောင်ပေါက်လေးထဲ ကျားတစ်ကောင်ရဲ့သားရဲစိတ်တွေ ရိုက်သွင်းခံထားရသလိုပဲ။

"တကယ်ဆို အစကတည်းကမဖြစ်နိုင်တော့တာကြီးကို ကျွန်မကမကြိုးစားခဲ့သင့်တာ။ "

"မင်းက ဘယ်လိုကလေးမလေးလဲကွယ်။ ငါတို့ဒီအထိအတူလျှောက်ခဲ့ပြီးမှ မင်းတစ်ယောက်ထဲကျန်ထားခဲ့လဲ မင်းအတွက်နစ်နာသွားရုံသာရှိမှာပေါ့။ "

"ဒါဆို ရိပေါ်ကအန်တီထင်ထားသလို ကောကောကိုစိတ်ပျက်သွားမယ်ဆိုတာသေချာလို့လား။ ဒီလောက်ထိ ချန်ဖုန်းဆိုတဲ့လူနဲ့ပတ်သတ်ပြီး အထင်မှားအောင်လုပ်နေတာတောင်မှ သူကကောကောကို ကြည်ဖြူနေတုန်းလေ။ ဘယ်နည်းနဲ့မှ သူက Band လောကထဲ ခြေစုံပစ်ဝင်ဖို့ကြိုးစားမှာမဟုတ်ဘူး!!! "

ထိန်းမနိုင်သိမ်းမနိုင် ပွင့်ထွက်မှုမှာ ရိပေါ်မားမားက အေးစက်စွာနဲ့ ဟက်ဟက်ပက်ပက်ရယ်သည်။

သူမက ဘာတွေဘယ်လောက်ထိ ယုံကြည်ချက်ကောင်းနေရသလဲ ဟွားဟွားမသိ။ ဒါမှမဟုတ် နောက်ဆုံး ရိပေါ်ဘာကိုပဲရွေးချယ်ရွေးချယ် မိခင်တစ်ယောက်အနေနဲ့ အဆုံးအရှုံးမရှိလက်ခံဖို့ရှိနေလို့လား။

ဒါဆို မိမိကိုယ်တိုင်ကသာ ဒီပွဲထဲသနားစရာအကောင်းဆုံးမိန်းကလေးဖြစ်တော့မပေါ့။ မျှော်လင့်ချက်ကြီးနဲ့လုပ်မိခဲ့သမျှ ရိပေါ်သာထပ်ပြီး ရှောင်းကျန့်ကိုရွေးချယ်နေတုန်းပဲဆို သူမမှာအရင်ကနာကျင်ကြေကွဲခဲ့ရသမျှ အကုန်အသစ်ပြန်ဖြစ်လာခဲ့မည်။ အတွေးပေါင်းများစွာနဲ့ ဟွားဟွားက နောက်ထပ်တစ်ကြိမ် အံကြိတ်ကာပြောထွက်လိုက်သည်။

"ကျွန်မ ထွက်တယ်! အန်တီ့ရဲ့လုပ်ကွက်တွေထဲက ကျွန်မထွက်တယ်! "

"ဘယ်လိုပဲဖြစ်ဖြစ်လေ ဒီကိစ္စတွေထဲ မင်းပါဝင်ခဲ့တာကိုတော့ ဖျောက်လို့မရဘူး။ ရှောင်းကျန့်နဲ့ ချန်ဖုန်းတို့ရဲ့ဓာတ်ပုံတွေကို ယူပေးခဲ့တာတွေ၊ ပေကျင်းပြန်ရောက်ရောက်ချင်း ရိပေါ်အထင်လွှဲသွားစေဖို့ ရှောင်းကျန့်ကို ချန်ဖုန်းနဲ့အတူမရှိရှိအောင်ဖန်တီးခဲ့တာတွေ၊ သွေးထိုးစကားတွေပြောခဲ့တာတွေ အကုန်လုံးကမင်းပဲလုပ်ခဲ့တာနော်။ ပြောရရင် ငါက နောက်ကွယ်ကနေ အစီအစဥ်ချရုံပဲ။ အဲ့တော့ လမ်းတစ်ဝက်နဲ့တင် ထွက်သွားချင်လဲ မင်းသဘောပေါ့။ အဆုံးမှာ အောင်မြင်သွားကာမှ ကိုယ့်ကိုယ်ကိုစိတ်တိုင်းမကျတော့မဖြစ်မိစေနဲ့။ "

တ​ယောကြိုး​လေးထက်​ရစ်​ပတ်​နှောင်​ဖွဲ့သည်​(Completed)Where stories live. Discover now