အပိုင်း 35(ZawGyi&Unicode)

798 111 3
                                    


တိုက်ခန်းဆိုသော်ငြား သာမာန်လူလတ်တန်းစားအိမ်တွေထက်ပင် အခန်းအပြင်အဆင်က သာလွန်စွာ။ အနည်းဆုံးလူလေးယောက်လောက်တော့ အချောင်အလည်နေနိုင်သော ဖွဲ့စည်းမှု။ တိုက်ခန်းတစ်ခန်းဟုပင် မဆိုစရက်လေအောင် တန်ဖိုးကြီးမားလွန်းမှန်းက သိသာနေသည်။

သို့ပေမဲ့ နယ်မြို့က လယ်သမားသားအမိသားအဖသုံးယောက်အား ထိုအရာတွေက မှင်သက်လောက်အောင် အံ့သြစရာမပေးနိုင်ခဲ့တော့ဘူး။ ထိုအစား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိလိုက် ဧည့်ခန်းနံရံပေါ်က ပုံတူပန်းချီကားတစ်ချပ်ကိုကြည့်လိုက်နဲ့ ဆွံ့အစေခဲ့တဲ့အရာတစ်ခုက အံ့သြတာထက်ကို ပိုစေခဲ့တယ်။ မယုံနိုင်တာထက်ကို ပိုစေခဲ့တယ်။ မဖြစ်နိုင်ဘူးလို့တွေးမိသည်ထက်ကို ကျော်လွန်စေခဲ့တယ်။

နှုတ်ခမ်းဖျားအောက်က အထင်အရှားမှဲ့နက်လေးက ပုံတူပန်းချီကားတစ်ခုလုံးရဲ့ အနက်နဲဆုံးဆို မျက်လွှာချကာ တယောထိုးနေတဲ့ ရှောင်းကျန့်ရဲ့အပြုမူက အရှိုက်အထိဆုံးပစ်မှတ်တစ်ခုဖြစ်မည်။ ဟွားဟွားရဲ့ လက်ဖျားတွေဟာ ရေခဲတမျှအေးစက်လာရင်း ခြေလှမ်းတစ်လှမ်းကအလိုလို နောက်ဆုတ်လိုက်မိသည်။

"ဟွားဟွား။ ဒီပန်းချီကားကို သမီးတွေ့ပြီးသားလား? "

မားမားရဲ့ မျက်လုံးတွေမှာ အရည်ကြည်တွေတွယ်ကပ်ထားရင်း တုန်လှုပ်စွာနဲ့ သူမကိုလှည့်မေးလာတယ်။

"ဟင့်အင်း။ ဟွားဟွား ဒီတိုက်ခန်းကို ဒီနေ့မှပထမဆုံးဖွင့်တာ။ နေရာသိအောင်သာ လာကြည့်ခဲ့ဖူးပေမဲ့ အထဲထိမဝင်မိခဲ့ဘူး။ "

"ဘယ်လောက်တောင် လက်ရာမြောက်တဲ့ ပန်းချီဆရာကို ဆွဲခိုင်းခဲ့သလဲမသိဘူး။ "

အေးစက်စွာပြောလာတဲ့ ပါးပါးက ခပ်ပြုံးပြုံးမျက်နှာထားနဲ့ ဆိုဖာမှာဝင်ထိုင်လိုက်သည်။
အရင်ကတည်းက အဲ့ဒီလိုဆက်ဆံရေးတစ်ခုကို ရိပ်မိသည်ဆိုတာထက် မသိသလိုဟန်ဆောင်ခဲ့သော မားမားနဲ့ သူမကတော့ အပြန်အလှန်ကြည့်မိရင်းသာ အလိုက်သင့်နေမိတယ်။

"ပြီးတော့ တယောကိုနည်းနည်းလေးတောင် စိတ်မဝင်စားတဲ့ကျန့်ကျန့်ကို ဒီလိုပုံစံမျိုးနဲ့ ပန်းချီဆွဲပေးထားတယ်ဆိုတာ ဘဝင်ကျစရာကောင်းရဲ့လား။ "

တ​ယောကြိုး​လေးထက်​ရစ်​ပတ်​နှောင်​ဖွဲ့သည်​(Completed)Where stories live. Discover now