အပိုင်း 11(ZawGyi&Unicode)

1.5K 222 50
                                    


ဟွားဟွားတစ်ယောက် သူငယ်ချင်းတွေနဲ့တွေ့ပြီးပြန်လာချိန် အိမ်ရှေ့ကခုံတန်းလျားလေးမှာ မှိုင်မှိုင်တွေတွေထိုင်နေတဲ့မားနဲ့ မားရဲ့ဘေးမှာတော့ လယ်တောကအပြန် မောမောပန်းပန်းနဲ့ထိုင်နေတဲ့ပါးကို ထူးထူးဆန်းဆန်းတွေ့လိုက်ရသည်။ ဘာမှမပြောရသေးပဲ ဒီအတိုင်းမြင်နေရတဲ့ပုံစံနဲ့တင် ပါးနဲ့မားပုံစံက တစ်ယောက်တစ်မျိုးစီဖြစ်နေတာ။

"မား....ပါး...အိမ်ရှေ့မှာထိုင်ပြီး ဘာလုပ်နေတာလဲ။ ရိပေါ်ရော ? "

"ရိပေါ်ကိုမေးတာရပ်ပြီး ဒီမှာ လာထိုင်အုံး။ မား ပြောစရာစကားရှိတယ်။ "

တော်တော်လေးကို မျက်နှာငြိုးငယ်ကာ ငိုထားဟန်ရှိတဲ့ မားက စကားပြောလာတဲ့အသံတွေမှာတောင် စိတ်ပျက်မှုတွေနဲ့။ ဟွားဟွား ဘာမသိညာမသိနဲ့ ပါးကိုမျက်လုံးနဲ့ဝင့်ကြည့်ရင်း မေးမိတော့ ပါးကလဲ ခေါင်းသာရမ်းပြရင်း သူမသိဘူးဆိုတဲ့သဘောဖြစ်နေသည်။

"နှစ်ယောက်စလုံးပြန်လာသည်အထိ စိတ်ကိုတင်းပြီးစောင့်နေခဲ့ရတာ။ ငါသေသာသေသွားချင်ပြီ ဟွားဟွားရယ် ...."

ထိုစကားနဲ့အတူ မားက ဝမ်းနည်းပက်လက်ငိုချလာခဲ့သည်။

"မားကလည်း ဘာစကားတွေပြောနေတာလဲ"

"ဟုတ်သားပဲ မိန်းမ။ ဘာဖြစ်တယ်ဆိုတာ ငါတို့ကိုအရင်ပြောလေ။ ဒါမှ အတူဖြေရှင်းလို့ရမှာပေါ့။ အခုက ငါပြန်လာကတည်းက ကျန့်ကျန့်ကိုပေးမတွေ့ဘူး။ ရိပေါ်ကလည်း အထဲမှာမလား။ တစ်ခုခုဖြစ်နေပြီဆိုတာ ငါအနည်းအကျဥ်းရိပ်မိပါတယ်။ ပြောစရာရှိတာသာပြောပါ။"

"ပါး...ဘာတွေပြောနေတာလဲ။ သမီးဘာမှနားမလည်နိုင်ဘူးနော်။ "

ဟွားဟွား ပါးနဲ့မားကိုတစ်လှည့်စီကြည့်ရင်း အငြိမ်မထိုင်နိုင်တော့။ မားရဲ့လုံးဝမူမမှန်ဖြစ်နေတဲ့ပုံစံက သူမစိတ်ထဲ တထိတ်ထိတ်နဲ့ ဖြစ်စေဖို့ တွန်းအားပေးနေသလို။

"အခု..အခု ကျန့်ကျန့်ကို ငါတို့လက်လွှတ်ရမဲ့ အချိန်ရောက်လာခဲ့ပြီထင်တယ်..."

"မား..."

"မင်းရဲ့စကားက ဘာ​ကိုဆိုလိုတာလဲ။ သေချာနားလည်အောင် ပြောပါ မိန်းမရယ်။ "

တ​ယောကြိုး​လေးထက်​ရစ်​ပတ်​နှောင်​ဖွဲ့သည်​(Completed)Where stories live. Discover now