အပိုင်း 4(ZawGyi&Unicode)

1.7K 252 22
                                    


စက္ကူသားနဲ့လုပ်ထားတဲ့ ပန်ကာလေးကိုလေထဲကိုင်မြှောက်ကာ ပြေးနေတဲ့ ရီပေါ်နောက် ကျနော်ကပြေးလိုက်နေရသည်။

ရွှေပေါ်မြတင် သူဌေးသားလေးက ဒီလို စက္ကူရုပ်လေးနဲ့ဆော့ကစား နေတယ်ဆိုတော့ တစ်မျိုးပဲပေါ့။

ဒါပေမဲ့ ရီပေါ်ဟာ ထိုစက္ကူလေပန်ကာလေးကို ကျနော့အား ပူဆာကာ လုပ်ခိုင်းခဲ့သည်လေ။

လေရူးတွေတိုက်နေတဲ့ တောင်ကုန်းဆီပြေးတက်နေတဲ့ ရီပေါ်ရဲ့လက်ထဲက ပန်ကာလေးဟာ တ၀ဲလည်လည်။ သူ့ဦးခေါင်းထက်က ခပ်ပျော့ပျော့ ဆံပင်လေးတွေဟာလဲ တလွှင့်လွှင့်နဲ့။

တောင်ကုန်းပေါ် အားယူပြေးတက်နေတဲ့ ကလေးတစ်ယောက်နောက် ကျနော်အသာလေး ပြေးလိုက်နိုင်ပေမဲ့ 'ကောကော သားကိုမှီအောင်လိုက်နော်' ဆိုတဲ့စကားမှာ ကျနော့ခြေလှမ်းတွေ အားမပါတော့။

တောင်ကုန်းထိပ်ရောက်သွားတဲ့သူကတော့ တောင်ထိပ်က သစ်ပင်ကြီးအောက် ခြေပြစ်လက်ပြစ်ထိုင်ကာ တဟောဟောဖြစ်နေရှာသည်။

ကျနော် မမောပေမဲ့ ဟန်ပန်လုပ်ကာ မောပန်းဟန်ပြရင်း သူ့ဘေးနား ပြစ်လှဲချလိုက်သည်။

" ဟား...ဟား....ကောကော သားကိုမလိုက်နိုင်ဘူးမို့လား။ ကြည့်စမ်း ကောကော မောသွားပြီ"

မြက်ခင်းစိမ်းစိမ်းပေါ် ပက်လက်လှဲချထားတဲ့ ကျနော့ကို လက်ညိုးတထိုးထိုးနဲ့ ရယ်နေတဲ့ ကလေးလေး။ ကျနော် ဘာမှပြန်မပြောပဲ ပြုံးနေခဲ့သည်။ သူကလေးပျော်နေရင် ရပြီ။ သူကလေး စိတ်ကျေနပ်ရင် ရပြီ။

"ကောကော နဖူးမှာ ချွေးတွေနဲ့ ။ သားသုတ်ပေးမယ် "

ချက်ချင်း လက်ထဲက ပန်ကာလေး ဘေးချကာ ကျနော့နဖူးကို လက်ဖဝါးလေးနဲ့ သုတ်ပေးလာသည်။

ကျနော့အပေါ် ကိုယ်လေးကိုင်းကာ အသေအချာသုတ်ပေးနေတဲ့ ရီပေါ်က နဖူးကိုသုတ်ပေးနေရာက တဖြေးဖြေး ပါးဘက်ကိုဆင်းလာသည်။
သို့နှင့် နောက်ဆုံး သူ့လက်သေးသေးလေးက ကျနော့နှုတ်ခမ်းအောက်နားက မှဲ့လေးဆီသို့။

နီးကပ်လွန်းလှတဲ့ သူ့မျက်နှာကြောင့် ရွဲကျနေတဲ့ သူ့ဆံပင်က ကျနော့မျက်နှာကို ဟိုထိဒီထိဖြစ်နေချိန်...လေပြေလေးက ကျနော်နဲ့သူ့ကြား နူးနူးညံ့ညံ့လေး တိုးဝှေ့တိုက်ခတ်သွားသည်။

တ​ယောကြိုး​လေးထက်​ရစ်​ပတ်​နှောင်​ဖွဲ့သည်​(Completed)حيث تعيش القصص. اكتشف الآن