အပိုင်း 7(ZawGyi&Unicode)

1.6K 218 20
                                    


*ဒီကနေ့မနက်မှာ စတင်ထွက်ခွာတဲ့ ပေကျင်းမှအမေရိကားလေကြောင်းခရီးစဉ်မှာ ထွက်ခွာပြီး မကြာခင်မှာပဲ လမ်းခရီးမှာ စက်ချို့ယွင်းမှုကြောင့် ပျက်ကျသွားခဲ့ပါတယ်ရှင်။ ကယ်ဆယ်ရေးအဖွဲ့တွေကတော့ သတင်းရရချင်းသွားခဲ့ကြပေမဲ့ ပြာကျလုနီးပါး လေယာဉ်က မီးလောင်သွားခဲ့တာကြောင့် လက်ရှိသတင်းအရ အသက်ရှင်ကျန်ရစ်သူမရှိပဲ
ခရီးသည်များမှာ မည်သူမည်ဝါဆိုတာ အတည်ပြုယူလို့မရလောက်အောင် ပျက်ဆီးနေခဲ့ပါပြီ။ ဒီသတင်းကိုတော့.....*

"သား....ရီပေါ် သားလေး !!!! "

ဧည့်ခန်းထဲကနေ အလန့်တကြားထွက်ပြေးသွားတဲ့ ရီပေါ်နောက် သူမအပြေးလိုက်ရတော့သည်။

ရီပေါ်ပြေးသွားတဲ့ပုံက အသိစိတ်လွှတ်သွားတဲ့ လူတစ်ယောက်လိုပဲ။ သူ့ပုံစံက ဘာကိုမှ ဂရုမစိုက်နိုင်တော့လောက်အောင်ကို တုန်လှုပ်သွားဟန်ရှိတယ်။

မကြာသေးခင်ကပဲ လေဆိပ်ကနေ ရှောင်းကျန့်ကိုနှုတ်ဆက်ပြီးပြန်လာတဲ့ ရီပေါ်က သူမသတင်းကြည့်နေတဲ့ဆီ ပျင်းတိပျင်းရွဲနဲ့ ပူးကပ်လာထိုင်ရင်း
မျက်နှာက မကြည်မသာနှင့်။

မွေးနေ့မှာပင် စိတ်ပင်ပန်းနေတဲ့ သားလေးကို ခဏနေရင် တနေရာရာလိုက်ပို့ဖို့စီစဉ်ထားပေမဲ့ မနူးညံ့တဲ့ ကံကြမ္မာက မည်သူကိုမှ မျက်နှာမလိုက်ပေးပါလေ။

အိမ်ဘက်လမ်းလေးကနေ ပြေးထွက်လာတဲ့ ကောင်လေးရဲ့ မျက်နှာပေါ်မှာတော့ မျက်ရည်တွေအပြည့်နဲ့။

ကောကော ဆိုတဲ့နာမ်စားလေးကို စိတ်ထဲမှာ အကြိမ်ကြိမ်တမိရင်း သူ့ခြေလှမ်းတွေ မြန်မှန်းမသိမြန်လာသည်။

အရူးလိုပဲ ဘာမှမတွေးမိနိုင်လောက်အောင် သူပြေးထွက်လာခဲ့တာ။ လေယာဉ်ပျက်ကျတဲ့ နေရာအထိ သူဘယ်လိုပြေးသွားနိုင်မှာတဲ့လဲ ။ နေရာတောင်အတိအကျမသိပဲနဲ့လေ။

အိမ်ရောက်ကတည်းက မချွပ်ရသေးတဲ့ ရှောင်းကျန့်ပေးထားတဲ့ ခွေးနားရွက်လေးနဲ့ဦးထုပ်လေးကို သူအသေအချာပြန်ဆောင်းလိုက်ရင်း ခြေလှမ်းတွေက အိမ်ဘက်ကို ပြန်ဦးတည်လာခဲ့သည်။

*ဟုတ်တယ်...မားနဲ့ အတူသွားရမယ်။ ဟိုရောက်ရင် ကောကောကို မရရအောင်ရှာပြီး အိမ်ပြန်ခေါ်လာမယ်။ သတိမေ့ရုံလေးပဲနေမှာပါ....သတိမေ့ပြီး ဒဏ်ရာလေးပဲ ရထားမှာပါ။ ပါးတို့မားတို့က ချမ်းသာတယ်။ ကောကောရဲ့ ဒဏ်ရာတွေကို အရှင်းပျောက်အောင် ကုပေးမှာ*

တ​ယောကြိုး​လေးထက်​ရစ်​ပတ်​နှောင်​ဖွဲ့သည်​(Completed)Where stories live. Discover now