အပိုင်း 33(ZawGyi&Unicode)

876 106 1
                                    


ဆွဲဖွင့်လိုက်တဲ့လိုက်ကာစလေးရဲ့နောက် အလင်းတန်းလေးက စူးရှစွာတိုးဝင်လာသည်။
ခုတင်ပေါ်တုံးလုံးလှဲနေတဲ့ ရှောင်းကျန့်ကတော့ မျက်လုံးမှိတ်ထားရင်း တစ်ခုခုကိုအတွေးနယ်ပြန့်နေသလိုပဲ။

အိမ်ပြန်ရောက်လာတယ်ဆိုတဲ့အသိစိတ်နဲ့ နည်းနည်းတော့ လွတ်လပ်သွားသလိုခံစားနေရသလားတော့မသိ။ ခပ်တိုးတိုးလေးငြီးနေတယ်။

ဆေးရုံကနေ ခဏလောက်ပြန်ဆင်းလာရတဲ့ ခံစားချက်က ဒီတိုက်ခန်းလေးရဲ့ အိမ်ထောင်ရေးဆန်ဆန်အငွေ့အသက်ကို နှစ်ရက်အတွင်း အပြည့်အဝခံစားသွားဖို့တော့ လုံလောက်မယ်မထင်ဘူး။

ဒီနှစ်ရက်ပြီးလို့ နောက်နေ့ဆိုရင်ပဲ ထွက်သွားရတော့မှာမို့ အခုလိုလုပ်ခဲ့တာကို မားကတိုးတိုးတိတ်တိတ်စိတ်ဆိုးနေသေးတယ်။ မသွားခင်လေး ချစ်ရသူနဲ့နှစ်ယောက်တည်း တိုက်ခန်းမှာသီးသန့်ပြန်လာနေမိတာကို မိဘကိုတော့ပြစ်ထားရကောင်းလားဆိုပြီးပေါ့။

ရိပေါ်ဟာ အနည်းငယ်အမှုန်တက်နေတဲ့ ဆိုဖာတွေကိုသန့်ရှင်းရေးလုပ်ပြီး ခပ်ပေါ့ပေါ့အဝတ်အိတ်ကို အိပ်ခန်းထဲဆွဲယူလာခဲ့သည်။ အသံကြားလို့ထင်ပါရဲ့။ မျက်လုံးတွေဖွင့်လာတဲ့ ရှောင်းကျန့်က သူရှိရာဘက်ကိုမှန်းဆကာ လှမ်းကြည့်နေတယ်။

"အိမ်ပြန်ခေါ်လာပြီး ဒီလိုပဲ ငါ့ကို တစ်ယောက်တည်း ခုတင်ပေါ်တင်ထားဖို့လား။ "

ဗီဒိုထဲအဝတ်တွေကိုချိတ်နဲ့ထည့်နေရာက ရိပေါ်နောက်ပြန်လှည့်ကြည့်ကာ ပြုံးပြမိသည်။ မြင်သည်မမြင်သည်တော့ ရှိပစေအုံးပေါ့။

"ဖုန်တွေရှိနေလို့ နည်းနည်းသန့်ရှင်းရေးလုပ်နေတာလေ။ ပျင်းနေပြီလား။ အင်္ကျီတွေထည့်ပြီးရင်တော့ ပြီးပါပြီ။ "

"မင်း...ဟိုကိုယူသွားမဲ့ အဝတ်စားတွေရော ပြင်ပြီးပြီလား။ တကယ်ဆို ငါက ကိုယ်တိုင်ကိုယ်ကျ ပြင်ပေးလိုက်ချင်တာ။ ဟား..ဟား....ငါ့အတွေးထဲ ခရီးထွက်မဲ့ယောကျ်ားအတွက် လိုလေသေးမရှိ လုပ်ပေးချင်တဲ့ဆန္ဒလိုမျိုးဖြစ်နေတယ်။ "

လည်ဂုတ်လေးပွတ်ရင်း ရှက်နေခဲ့သလို​ရယ်မောပြောနေတဲ့ရှောင်းကျန့်ဟာ တကယ်တော့လည်း သူ့မျက်ဝန်းတွေမှာ မျက်ရည်စတွေက ကပ်ငြိလို့။

တ​ယောကြိုး​လေးထက်​ရစ်​ပတ်​နှောင်​ဖွဲ့သည်​(Completed)Where stories live. Discover now