အပိုင်း 13(ZawGyi&Unicode)

1.5K 188 57
                                    


မနေ့ညကဝတ်ထားတဲ့အဝတ်စားကို ချွတ်ပြီးသည်နှင့် ခေါက်ရိုးညီနေမှာဖြစ်တဲ့ အင်္ကျီတစ်စုံကို မားကအသေအချာဝတ်ပေးထားခဲ့ပြီ။

ဘောင်းဘီလှဲတာကအစ သူ့ကိုကလေးတစ်ယောက်လိုသဘောထားကာ လုပ်ပေးတတ်တဲ့ မား။ ခြေဖမိုးအထိ ဘောင်းဘီအနားစကို အသေအချာဆွဲချပေးကာ ကွင်းထိုးဖိနပ်ပါးလေးကို သူ့ခြေထောက်မှာစွပ်ပေးလာသည်။

မျက်နှာသစ်တဲ့အချိန်ကနေ အင်္ကျီလှဲပြီးသည်အထိ ဘာစကားတစ်ခွန်းမှမဆိုပဲ  နှုတ်ပိတ်နေခဲ့တဲ့မားက သေချာပေါက် မနေ့ကကိစ္စတွေအတွက်နဲ့ စိတ်မကောင်းဖြစ်နေတော့မည်။

ရှောင်းကျန့် ဘယ်လိုစကားစရမယ်မှန်းလဲမသိ။ ပြီးတော့ မားအခုလိုပုံစံနဲ့တိတ်ဆိတ်သွားတာက သူရှိနေလာတဲ့တစ်လျှောက်လုံးမှာ ပထမဆုံးဖြစ်သည်။ ဒါကြောင့်လဲ ပိုပြီးအနေခက်ရကာ အဓိကအကြောင်းအရင်းကိုက သူ့ကြောင့်ဆိုတဲ့ပညတ်ချက်ဖြစ်နေခဲ့တယ်။

"မား....ရိပေါ်တို့က တယောထိုးသင်ပေးဖို့ သွားလိုက်ကြပြီလားဟင်။ "

"မားရဲ့ကျန့်ကျန့်လေးက အိပ်ယာနိုးနိုးချင်း ရိပေါ်လေးကို မေးနေတာလား။ "

ရယ်သံနှောကာ စနှောက်သလိုပြောလာတဲ့ မားရဲ့အသံကြောင့် အားတုံးအားနာနဲ့ ခေါင်းလေးငုံ့ထားမိလိုက်သည်။ တကယ်က သူဘာပြောရမှန်းမသိဖြစ်နေလို့ အဲ့ဒီအကြောင်းဘက်ဦးတည်မေးမိသွားခဲ့တာ။

"ခြောက်နာရီခွဲလောက်ကပဲ ဟွားဟွားနဲ့အတူ မနက်စာစားပြီးလို့ စာသင်ကျောင်းဘက်သွားလိုက်ကြပြီလေ။ မသွားခင် ရိပေါ်လေးက ကျန့်ကျန့်ကိုလာကြည့်သွားပါသေးတယ်။ အိပ်နေတုန်းမို့ ဒီအတိုင်းပဲကြည့်ပြီး ထွက်သွားတယ်။"

ခေါင်းဖြီးပေးလာရင်း ဒီစကားတွေပြောနေတဲ့ မားရဲ့အသံလေး အနည်းငယ်တုန်နေတယ်။ မမြင်ရပေမဲ့ မားက မျက်ရည်တွေဝေနေမယ်ဆိုတာလဲ ရှောင်းကျန့်သိတယ်။

"ဟုတ်..ဟုတ်လား။ ပါးလဲ အလုပ်သွားလိုက်ပြီထင်တယ်။ ဒါနဲ့ မားရော မနက်စာစားပြီးပြီလား။ "

"မားက ဖြေးဖြေးမှစားလို့ရပါတယ်။ အခု ကျန့်ကျန့်အတွက် ငါးဆန်ပြုတ်လေးလုပ်ထားတာမို့
မအေးခင်စားရအောင်။ "

တ​ယောကြိုး​လေးထက်​ရစ်​ပတ်​နှောင်​ဖွဲ့သည်​(Completed)Where stories live. Discover now