အပိုင်း 8(ZawGyi&Unicode)

1.5K 229 21
                                    


အုတ်ဂူအဖြူလေးပေါ် နေရာယူထားတဲ့ နှင်းဆီနီနီ။ ရှောင်းကျန့်ဆိုတဲ့နာမည်လေးက ဖြူဖြူဖွေးဖွေးအုတ်ခုံပေါ် အနက်ရောင်စာလုံးလေးနဲ့ထွင်းထားတယ်။ တယောသံလွင်လွင်က ဆွေးမြေ့စွာ စီးဆင်းတယ်။ နှစ်တိုင်းရောက်လာတတ်တဲ့ ဒီမွေးနေ့က သိပ်ကိုအထီးကျန်ဆန်နေခဲ့တာ။

ရီပေါ် လက်ထဲက ဦးထုပ်လေးကိုကြည့်ရင်း ပြုံးနေမိသည်။ တစ်ခုတည်းသော အမှတ်ရစရာလေးပေါ့။ ကျန့်ကောထားခဲ့တဲ့ တစ်ခုတည်းသော အမှတ်ရစရာလေး။

"ကျန့်ကော "

အလိုအလျောက် စိတ်ကခိုင်းစေခဲ့မိသော နာမ်စားလေး။ အထက်တန်းပြီးတော့ စိတ်တွေကလဲ လုံးလုံးပြောင်းလဲလာတယ်။ အရွယ်ရောက်ပြီလို့ သတ်မှတ်မိလိုက်တဲ့ ကျနော်က ရှောင်းကျန့်ဆိုတဲ့ ကောင်လေးအတွက် တည်ငြိမ်တဲ့လူတစ်ယောက်
ဖြစ်နေဖို့။ သူများအမြင်မှာ ကျနော်နဲ့ရှောင်းကျန့်ဆိုတဲ့ ပတ်သတ်မှုမှာ ညီအစ်ကိုတွေလို ထင်မြင်ချက်တွေ ဖြစ်နေခဲ့မှာကို တကယ်ကိုသဘောမကျခဲ့ဘူး။ ရှောင်းကျန့်ဆိုတဲ့ကောင်လေး ကျနော့ဘေးနား ရှိနေသည်ဖြစ်စေ မရှိနေသည်ဖြစ်စေပေါ့....ကျနော်ကတော့ ဒီလူအတွက် အဲ့ဒီအချိန်ထဲက စတင်ပြောင်းလဲခဲ့ပါတယ်။

" ကျနော် ပြောင်းလဲလာခဲ့တယ်။ အချိန်တွေလဲ အများကြီးကျော်ဖြတ်ခဲ့ပြီးပြီလေ။ နံရံမှာချိတ်ထားတဲ့ ကျန့်ကောရဲ့ပုံတူပန်းချီလေးကို အမြဲတမ်းငေးကြည့်ရင်း နှုတ်ခမ်းအောက်က မှဲ့လေးကို တို့ထိမိတာတော့ မပြောင်းလဲဘူးပေါ့။ အရင်လို ကလေးဆန်ဆန်နဲ့ တဇွတ်ထိုးလဲမဆန်တော့ပါဘူး။ တယောကို ကျန့်ကောကြောင့်စိတ်ဝင်စားမိခဲ့လို့ အခုလိုဖြစ်လာပြီး သူများတွေလိုပဲ ကျနော်လဲဖြတ်သန်းနေတယ်။ တစ်ချိန်ကပြောခဲ့သလို ကျနော်က ကျန့်ကောရဲ့တယောကြိုးလေးဖြစ်မယ်လို့ယုံကြည်ခဲ့ပေမဲ့...အခုတော့ မတတ်နိုင်တော့ဘူးနော်။ ဒါပေမဲ့ စိတ်ချပါ...ကျနော့နှလုံးသားထဲမှာ ကျနော်က ကျန့်ကောအတွက် ထာဝရတယောကြိုးလေးဖြစ်နေမှာ။ တစ်နှစ်နေမှ တစ်ခေါက်ပဲရောက်လာလို့ တစ်မျိုးလဲမထင်ပါနဲ့။ ကျန့်ကော သိလား ? ကျနော် ဒီကပြန်သွားတိုင်း တစ်ပတ်လောက်ထိ ငိုယိုနေမိခဲ့တာလေ။ အခုအဲ့ အကျင့်ကိုဖျောက်တော့မှာပါ။ ကျနော်က ကျန့်ကောအတွက် စိတ်ပူစေရမဲ့ကလေးမျိုး မလုပ်ချင်တော့လို့။ ဒါနဲ့ ဒီနှစ်မွေးနေ့မှာ ကျနော်တစ်ခုလောက် တောင်းဆိုချင်တယ်...ရမယ်မလား ? ကျနော်လေ...အသက် နှစ်ဆယ့်ငါးနှစ်ပြည်တဲ့အခါ...ကျန့်ကောကို လက်ထပ်ပါရစေ...အဟက် အခု ကျနော် ကျန့်ကောကို စဉ်းစားဖို့အချိန်ပေးတဲ့သဘောနဲ့ရော မွေးနေ့လက်ဆောင်အနေနဲ့ရော တောင်းဆိုအသိပေးတာ။ ကျနော်ပြန်ပြီ ကျန့်ကော..."

တ​ယောကြိုး​လေးထက်​ရစ်​ပတ်​နှောင်​ဖွဲ့သည်​(Completed)Where stories live. Discover now