အပိုင်း 15(ZawGyi&Unicode)

1.4K 189 35
                                    


ရိပေါ်ဟာ ကြယ်သီးတပ်ပေးရင်း အဲ့ဒီသွေးရောင်နဲ့ အရောင်အဆင်းလှနေသော ရင်ဘတ်ကို မဝံ့မရဲကြည့်ကာ ပူပူလောင်လောင်ဖြစ်နေတဲ့စိတ်ကို အတင်းဖယ်ထုတ်နေရသည်။ သူ့လက်က ကြယ်သီးတစ်လုံးတပ်ပေးဖို့အရေး ဟိုချော်သည်ချော်နဲ့။ အင်္ကျီဝတ်ပေးတဲ့အလုပ်ဟာတော်တော်ကိုကြာမြင့်နေသည်။

"မနက်ဖြန်....မနက်ဖြန်...ကျွန်တော့အတွက်အဖြေက အဆင်သင့်ဖြစ်ပြီမလား။ "

"........"

အဖြေပြန်မလာတဲ့ ရှောင်းကျန့်ကို သူမော့ကြည့်လိုက်တော့ ရဲရဲတောက်နေပြီဖြစ်တဲ့ ပါးလေးနှစ်ဖက်။ ပြီးတော့ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်နဲ့  တစ်ခုခုကိုတင်းထားသလို ချုပ်ထားသလိုဖြစ်နေသည်။

"ကျန့်ကောလို့..."

"အမ်! "

"ဘာလို့တိတ်နေတာလဲ။ ​အဆင်သင့်ဖြစ်ပြီမလားလို့။ "

"အင်း...အင်းပါ။ "

ရှောင်းကျန့် ခေါင်းတငြိမ့်ငြိမ့်နဲ့ ဝှီးချဲဘီးကို မသိမသာလေး နောက်ပြန်လိမ့်လိုက်သည်။ မမြင်ရပေမဲ့လည်း ရိပေါ်နဲ့သူဟာ အတင်းကိုထိကပ်တော့မလို အခြေနေဖြစ်နေတယ်လို့ ခံစားမိနေတယ်။

"မင်း အခုရေမချိုးရသေးဘူးမလား။ သွားချိုးတော့လေ။ ပါးပြန်လာရင် ထမင်းစားကြတော့မှာ။ "

"မနက်က တစ်ခါချိုးသွားပြီးပြီလေ။ အခုမချိုးလဲဖြစ်ပါတယ်။ ကျွန်တော့ခန္ဓာကိုယ်က မနံပါဘူး။ ဒီမှာနမ်းကြည့်။ "

ဝှီးချဲလက်တန်းပေါ် လက်နှစ်ဖက်ထောက်ကာ ကိုယ်ကိုငုံ့ချလာတဲ့ ရိပေါ်က တကယ်ကြီးသူ့ကိုယ်နံ့ကို အနံ့ခံခိုင်းနေပါရဲ့။ ရှောင်းကျန့် တွန့်ခနဲဖြစ်သွားရင်း နှာခေါင်းဝမှာဝင်လာတဲ့ ကိုယ်နံ့သင်းသင်းကို ရှူရှိုက်မိသည်။

အင်း...သိပ်မဆိုးရှာပါဘူး။

သို့ပေမဲ့ သူမျက်နှာရှုံ့ကာ ရိပေါ်ရဲ့ရင်ဘတ်ကို ခပ်ဖြေးဖြေးပဲ တွန်းထုတ်လိုက်သည်။

"ဘာလို့မနံရမှာလဲ။ ရေသွားချိုးဆိုသွားချိုး။ "

"လိမ်နေပြန်ပြီ။ ဘာအနံ့မှတောင်မရတာကို။"

တ​ယောကြိုး​လေးထက်​ရစ်​ပတ်​နှောင်​ဖွဲ့သည်​(Completed)Where stories live. Discover now