အပိုင်း 12(ZawGyi&Unicode)

1.5K 205 44
                                    


"ရိပေါ်လေးအားမနာနဲ့နော်။ များများထည့်စား။"

ကျန့်ကောပြောသလိုပဲ အခုလိုပွေ့ချီလာတာကို ကြိုက်ပုံမရတဲ့မိသားစုက ထမင်းဝိုင်းမှာ ပုံမှန်ထက် မျက်နှာတွေမတည်မငြိမ်ဖြစ်နေခဲ့ရင်း
ဒေါ်လေးကတော့ သူ့ပန်းကန်လုံးထဲ အသားနဲ့အရွက်ကြော်ကို ခပ်များများထည့်ပေးလာသည်။

"ဟွားဟွား....ရိပေါ်လေးကြိုက်မယ်ထင်တာတွေ နင်လဲထည့်ပေးလိုက်အုံးလေ။ "

"ဟုတ် မား။ "

"အားနာစရာမရှိဘူး ရိပေါ်။ ဦးလေးတို့အိမ်မှာ အကုန်လုံးကို မိသားစုဝင်လိုဆက်ဆံပြီးနေ။ ဟုတ်ပြီလား။ "

"ဟုတ်ကဲ့ပါ။ "

ရိပေါ် ခေါင်းငြိမ့်ပြပြီးသည်နှင့် ရှောင်းကျန့်ဘက်လှည့်လိုက်သည်။ ထမင်းစားပွဲမှာ ကိုယ်စီပန်းကန်လုံးနဲ့ရှိနေပေမဲ့ ရှောင်းကျန့်ရှေ့မှာတော့ ဘာမှရှိမနေ။ ပြီးတော့ အမြင်အာရုံပျောက်ဆုံးနေတဲ့ ရှောင်းကျန့်အတွက် ထမင်းစားဖို့ကို သူပိုစိုးရိမ်သည်။ အရင်နေ့တွေက ဘယ်လိုနေထိုင်ခဲ့လဲမသိပေမဲ့ အခုသူရှိလာမဲ့အချိန်တွေမှာ ရှောင်းကျန့်အတွက် အနည်းအကျဥ်းဒုက္ခလေးတောင် မရစေချင်တော့တာပါ။

"ကျန့်ကော...ကျွန်တော် ခွံ့ကျွေးရမလား။ "

မျက်နှာပျက်သွားတဲ့ ဒေါ်လေးကိုတော့ ရိပေါ်မမြင်လိုက်ရပဲ ရှောင်းကျန့်အတွက်သာ သူ့အတွေးကအလုပ်လုပ်နေခဲ့သည်။

"မ...မလိုဘူး ရိပေါ်။ ကောက မားနဲ့အတူ စားနေကျပါ။ မင်းသာ လွတ်လွတ်လပ်လပ်စား။
ကောကို စိတ်မပူနဲ့။"

"ဟုတ်တယ် ရိပေါ်။ ဒေါ်လေးက ကျန့်ကျန့်ကိုခွံ့ကျွေးနေကျမို့ ရိပေါ်လေးသာ ဝအောင်စားပါ။ "

သူမ ထမင်းလုတ်ကို ရှောင်းကျန့်ပါးစပ်နား တက်တက်ကြွကြွနဲ့ တေ့ပေးလိုက်သည်။ သို့ပေမဲ့လဲ အရင်နေ့တွေဆို အားရပါးရဖွင့်ဟစားပေးတတ်တဲ့ ရှောင်းကျန့်က ဒီနေ့မှာတော့ တုံနှေးနှေးနဲ့ ဖြစ်နေခဲ့သည်။

ရိပေါ်ကတော့ သူ့ရှေ့ဂရုတစိုက်ပြုမူပြနေတဲ့ သားအမိပုံရိပ်ကိုကြည့်ရင်း သက်ပြင်းလေးခိုးချကာ သူ့ထမင်းပန်းကန်လုံးကိုသာ ကောက်ကိုင်လိုက်သည်။ ရှောင်းကျန့်ဟာ အခုချိန်မှာ ဒုက္ခိတဖြစ်နေလို့ တစ်ခြားတစ်ယောက်ရဲ့ ဒီလိုပြုစုခံရတာဟာမထူးဆန်းပေမဲ့ သူ့စိတ်ထဲမတင်မကျဖြစ်မိနေသည်ကတော့ ဆိုးသည်။

တ​ယောကြိုး​လေးထက်​ရစ်​ပတ်​နှောင်​ဖွဲ့သည်​(Completed)Where stories live. Discover now