"ဒါ ကျန့်ကော ကျွန်တော့ကိုပထမဆုံးပေးခဲ့တဲ့ မွေးနေ့လက်ဆောင်လေ။ "ခွေးနားရွက်ဖတ်လပ်ဖတ်လပ်လေးနဲ့ ချစ်စရာဦးထုပ်အညိုရောင်လေး။ ရှောင်းကျန့် သူ့လက်ထဲက ထိုဦးထုပ်လေးကို အာရုံခံစမ်းသပ်ကြည့်ရင်း ပြုံးနေတယ်။
"ကျွန်တော် အရင်ကစဥ်းစားထားတာ ဒီဦးထုပ်လေးပါယူသွားရင်ကောင်းမလားပေါ့။ ဒါပေမဲ့ အခုတော့ ထားခဲ့လိုက်တော့မယ်။ အလွမ်းပြေအဖြစ်ယူသွားတာတွေက ကျွန်တော့ကို ဟိုမှာမနေနိုင်အောင်လုပ်မှာစိုးတယ်။ "
"ဒါနဲ့ ဘယ်လောက်ကြာခဲ့မှာလဲ။ "
ဦးထုပ်လေးကိုဘေးနားချကာ အေးအေးဆေးဆေးမေးလာတဲ့ ရှောင်းကျန့်က လိုတာထက်ပိုတည်ငြိမ်ပြနေပြန်တာလား။
"စာသင်နှစ်ဆိုရင် တစ်နှစ်လောက်ကြာမယ်။ နောက်ပိုင်း အဲ့ဒီမှာဘွဲ့ယူပြီးရင်တော့ ဘယ်လိုဖြစ်လာမလဲ ကျွန်တော်လည်းအတိအကျမသိဘူး။ Band တစ်ခုထဲ ခြေစုံပြစ်ဝင်ရဖို့ဖြစ်လာမလား ဒါမှမဟုတ် အဲ့ဒီလိုမဟုတ်ပဲ တစ်မျိုးဖြစ်လာမလား။ "
"သြော်..."
"......."
နာရီသံတစ်ချက်ချက်က နှစ်ယောက်ကြား ပိုကျယ်လောင်လာသလို အဲ့ဒီနာရီသံတွေကို လိုက်ရေတွက်မိနေတဲ့ ရှောင်းကျန့်ကအရူးလိုပဲ။ တကယ်တမ်း သူ့မှာထွေထွေထူးထူးပြောစရာစကားတွေ မရှိတော့လို့လဲဖြစ်မယ်။ အခုချိန်မှာ ရိပေါ်ဆီက ပြောထွက်လာတာတွေကိုပဲ ခံစားမှုအမျိုးမျိုးနဲ့ နားထောင်ပေးရင်း သူ့ဆီကလူမသိသူမသိငိုကြွေးမှုတွေကိုတော့ ဒီအတိုင်းဆွေးမြေ့သွားစေခဲ့ဖို့။
"ဒီတိုက်ခန်းကို ဟွားဟွားဆီအပ်ခဲ့မယ်။ ဘာလို့ဆို ကျွန်တော်သွားပြီးတဲ့နောက်မှ နယ်ကကျန့်ကောရဲ့ မွေးစားမိဘတွေရောက်မှာဆိုတော့ သူတို့အတွက် နေစရာအဆင်ပြေအောင်ပေါ့။ ပြီးတော့ ကျွန်တော်အကူညီတောင်းထားပေးတယ်။ ကျန့်ကောခွဲစိတ်ပြီးသည်အထိ ဒေါ်လေးကိုဒီမှာနေပေးထားဖို့လေ။ ကျန့်ကောလဲ တစ်ခြားသူတွေထက် ဒေါ်လေးနဲ့ကပိုအဆင်ပြေတယ်မလား။ ဒါကြောင့် တစ်ယောက်ထဲကျန်ထားခဲ့မယ်ဆိုတဲ့အတွေးနဲ့ အားငယ်စရာမလိုဘူး။ ကျွန်တော်လည်း အမြဲတမ်းဆက်သွယ်နေမှာမို့...ဟွားဟွားလည်း ကျောင်းဆင်းပြီးတိုင်း လာကြည့်မယ်လို့ပြောတယ်။ "
YOU ARE READING
တယောကြိုးလေးထက်ရစ်ပတ်နှောင်ဖွဲ့သည်(Completed)
Fanfiction' ကျွန်တော်က ကောအတွက် ချိုသာတဲ့ချစ်ခြင်းသံစဉ်တွေသာ ထုတ်လွှတ်ပေးမဲ့ တယောကြိုးလေး '