အပိုင်း 32(ZawGyi&Unicode)

867 117 5
                                    


တငြိမ့်ငြိမ့်စီးဆင်းရင်း အဆုံးသတ်သွားတဲ့သံစဥ်တေးသွားလေးတစ်ခု။ လက်တန်းတီးခတ်လိုက်သလို ရိပေါ်ရဲ့အပြုမူကို ဟွားဟွားငေးမောမိခဲ့ရင်း ဝမ်းနည်းမှုလေးက လှိုက်ခနဲဖြစ်ပေါ်လာခဲ့တယ်။ သူမ သိပ်မှတ်မိတာပေါ့။ အခုဟာ ဒုတိယအကြိမ်အနေနဲ့ ဒီသံဇဥ်လေးကို ရိပေါ်ဆီကနေကြားခဲ့ရတာ။ ပထမဆုံးကြားမိခဲ့တုန်းက သင်ပေးပါဆိုပြီးတောင် ရိပေါ်ကို သူမတောင်းဆိုခဲ့ဖူးတယ်လေ။ ဒါပေမဲ့ အဲ့တာက ပေါ့ပေါ့တန်တန်နဲ့ငြင်းဆန်ခံခဲ့ရဖူးတယ်။

တယောကိုဘေးနားချကာ သက်ပြင်းသဲ့သဲ့လေးလွှတ်ထုတ်လိုက်တဲ့ ရိပေါ်က စိတ်ပျက်မှုတွေအပြည့်နဲ့။

"ငါတကယ်ကို အမေရိကားမသွားချင်ဘူး။ "

"ချက်ချင်းမှမဟုတ်တာရိပေါ်ရယ်။ ဒီလကုန်ပြီးမှလေ။ "

"အခုတောင် လဝက်ကျိုးနေပြီလေ။ သွားရမဲ့ရက်က ခဏလေးနဲ့ရောက်လာမှာပဲမလား။ "

ဒီနေ့ နိုင်ငံခြားပညာတော်သင်သွားရမဲ့ရက်ကကျလာတယ်။ ရှောင်းကျန့်ကြောင့်သာ ကျောင်းတက်ဖို့ သူပြန်စဥ်းစားခဲ့ရတာ အခုလိုလက်တွေ့မှာ ထွက်သွားဖို့ကျတော့ တွေးထားတာထက် ပိုခက်ခဲနေတာပဲ။ ကြားထဲကအချိန်တွေအတွက် ဘယ်လိုမှဖြေသိမ့်လို့မရတဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ ရှောင်းကျန့်ကို တစ်ယောက်ထဲပြစ်မထားခဲ့နိုင်ဘူး။

"နင် ကောကောကိုစိတ်ပူနေတာမျိုးဆိုရင် စိတ်ချပါ။ ငါတစ်ယောက်လုံးရှိနေတာပဲလေ။ ဟိုးအရင်ကတည်းက ကောကောကိုပြုစုပေးခဲ့ဖူးတာမို့ ငါ့အတွက် ဒါက အလုပ်တစ်ခုလို့တောင်ပြောစရာမလိုဘူး။ "

ဟွားဟွားရဲ့စကားမှာ ပြုံးပြခေါင်းငြိမ့်ရင်းသာဖြေလိုက်သည်။ ဒါပေမဲ့ ဘယ်လိုလုပ်ပြီးတူနိုင်မှာတဲ့လဲ။ သူ့လောက်တော့ ရှောင်းကျန့်ကို ဘယ်သူမှဂရုစိုက်နိုင်မှာ မဟုတ်ပါဘူး။ ပြီးတော့ ဟွားဟွားမို့ ပိုစိတ်မချဖြစ်တယ်ဆိုတာများပြောထွက်မိရင် ဒီကောင်မလေးကတော့ စိတ်မကောင်းဖြစ်ဦးမယ်။ အခုအခြေနေတွေနဲ့တင် ရှောင်းကျန့်ပင်ပန်းရတာတွေက သူမကြောင့်ဆိုတာနဲ့ အဖြစ်များရတယ်။

တ​ယောကြိုး​လေးထက်​ရစ်​ပတ်​နှောင်​ဖွဲ့သည်​(Completed)Where stories live. Discover now