အပိုင်း 30(ZawGyi&Unicode)

1.1K 135 22
                                    


မျက်ရည်တွေနဲ့ ပြေးထွက်လာခဲ့တဲ့ဟွားဟွားက အခန်းရှေ့တင်ပဲ လှဲကျသွားရသည်။ အသံထွက်မငိုမိအောင် ထိန်းထားရာက သူမဟာ လှဲကျမိသည်နဲ့အတူ ရှိုက်သံတွေထွက်ကျလာခဲ့ရင်း လွှတ်ကျမိသွားသော ဘေးလွယ်အိတ်လေးကို အမြန်ကောက်ကိုင်ကာ ထရပ်လိုက်သည်။

တစ်ချိန်ထဲမှာပဲ မျက်နှာချင်းဆိုင်မှာ တွေ့လိုက်ရသော လူကုံထံအသိုင်းဝိုင်းကမှန်း ပြောစရာမလိုအောင်သိသာသည့် အမျိုးသမီးတစ်ဦးက သူမကိုအံ့သြသလိုကြည့်နေခဲ့သည်။

မျက်ရည်နဲ့မျက်ခွက်ဖြစ်နေတဲ့ဟွားဟွားဟာ ရှက်ရွံ့စိတ်နဲ့ အလျင်အမြန်ပဲမျက်ရည်တွေကိုသုတ်သင်ပြစ်ရင်း ထိုအမျိုးသမီးရှေ့မှ ပြေးထွက်ဖို့ပြင်လိုက်သည်။

သို့ပေမဲ့ ဖျတ်ခနဲလှမ်းဆွဲထားလာသည့် လက်တစ်စုံက သူမကိုဟန့်တားထားခဲ့လေတယ်။

**************************************

ဝှီးချဲပေါ် အသက်မရှိသူလိုပဲ မတုန်မလှုပ်နဲ့ထိုင်နေတဲ့ရှောင်းကျန့်ကို ရိပေါ်က ပွေ့ချီသွားရင်း ကုတင်ပေါ်ချပေးလာသည်။ ပြီးတော့ စိတ်ပျက်သလိုအသံလေးနဲ့ ခပ်တိုးတိုးဆိုတယ်။

"ဟွားဟွားဆိုတဲ့ကောင်မလေး တကယ်မလွယ်ဘူးပဲ။ သူလာသွားတာနဲ့ ချက်ချင်း ကျန့်ကောစိတ်ညစ်သွားရပြီ။ တကယ်ဆို ကျွန်တော်သူ့ကို ခေါ်လာချင်တာမဟုတ်ဘူး။ ပေကျင်းမှာအတူရှိနေပြီးမှ မတွေ့ပဲနေရတယ်မျိုး ဖြစ်မှာစိုးလို့သာ ခေါ်ခဲ့တာ။ "

ကုတင်ခေါင်းရင်းကိုအမှီပြုလိုက်ရင်း ရှောင်းကျန့်က မျက်လုံးတွေကို မှိတ်ချထားခဲ့သည်။

ဟွားဟွားထွက်သွားပြီးလို့ ငါးမိနစ်လောက်အကြာမှာရောက်လာခဲ့တဲ့ရိပေါ်က မောင်နှမနှစ်ယောက်စကားပြောစေဖို့ တမင်သက်သက်ရှောင်ပေးသွားမှန်း သူသိတယ်။

ဟွားဟွားအတွက် မုန့်သွားဝယ်မယ်ဆိုပြီး အပြင်သွားလိုက်တဲ့ ရိပေါ်ရဲ့လက်ထဲ တကယ်တမ်းပါလာတာတွေကလဲ ရှောင်းကျန့်ကြိုက်တတ်သော သရေစာတွေနဲ့ အသုံးအဆောင်အချို့သာ။

"သူဘာတွေလျှောက်ပြောသွားသေးလဲ။ ပြောလဲ​စိတ်ထဲထည့်မထားနဲ့။ အခုချိန် ကျွန်တော့စကားလောက် ဘယ်သူ့စကားကိုမှ အရေးလုပ်စရာမလိုဘူး။ "

တ​ယောကြိုး​လေးထက်​ရစ်​ပတ်​နှောင်​ဖွဲ့သည်​(Completed)Donde viven las historias. Descúbrelo ahora