အပိုင်း 5(ZawGyi&Unicode)

1.7K 251 31
                                    


ဝမ်ရီပေါ်ဆိုတဲ့ ကလေးလေးနဲ့ ဖြတ်သန်းမိခဲ့တဲ့ နှစ်တွေဟာ ကုန်ဆုံးမှန်းမသိကုန်ဆုံးလာတယ်။ လှပတဲ့ နှစ်ကုန်မှုလေးတွေကို ဒီကလေးနဲ့ အဖော်
ပြုပေးရင်း ကျော်လွန်ခဲ့တယ်။

မိုးစက်တွေ တဖြောက်ဖြောက်ကျလာတဲ့ ရာသီရောက်ရင် မလုံ့တလုံထီးလေးနဲ့ နှစ်ယောက်သား ဆောင်းရင်း မိုးရေတွေထဲ ပြေးဆော့မိတယ်။ပြောရရင် သူပြေးတဲ့နောက် ကျနော်က စိုးရိမ်စွာလိုက်ရတယ်ဆို ပိုမှန်မယ်။

လမ်းမပေါ် စီးနေတဲ့ရေတွေကို ဆော့ရတာ ရီပေါ်က သိပ်သဘောတွေ့တတ်တာလေ။ တစ်ခါတစ်ရံ မိုးရေနဲ့အတူပါလာတဲ့ မိုးသီးတွေဆို မိုးစိုမှာကို မမှုပဲ အပြေးအလွားထွက်ကောက်ကာ စားတတ်သေး။

" တော်တော့ ရီပေါ် ဒီလိုနဲ့ဖျားတော့မယ်။ "

နှစ်ယောက်လုံး မိုးရေတွေရွှဲနေပေမဲ့ ကျနော် ထီးကလေးနဲ့သူ့ကို ဆောင်းပေးထားဆဲ။ ပိုးမွေးသလိုမွေးခံထားရတဲ့ ရီပေါ်ကြောင့် အလွယ်တကူ အဖျားမိသွားမှာကိုစိုးရင်း ဘယ်လောက်ပဲစိုရွှဲနေပါစေ နဲနဲလေးသက်သာပါစေဆိုပြီး လက်ကထီးကို မလွှတ်ချနိုင်။ လက်တစ်ဖက်ကလဲ သူ့လက်ကိုဆွဲကာ ဘုရားကျောင်းပြန်ရောက်ဖို့ မရမကခေါ်ရသည်။

ပိတ်ရက်ရောက်တိုင်း သူ့မိဘတွေက ကျနော့အား ကလေးထိန်းလာအပ်သလိုအပ်ပြီး ပြန်ကြသည်။
တနေကုန် ကျနော့ဆီထားပြီး ညနေရောက်မှ ပြန်လာခေါ်ကြနဲ့ အလုပ်တွေဖြစ်လို့။

အခုလဲ သူကျနော့ဆီရောက်ပြီး မကြာခင်မှာ မိုးတွေကျလာလို့ အတူထွက်ဆော့မယ်ဆို့ပြီး အတင်းပူဆာလို့ သူနဲ့အတူလိုက်ပေးရခြင်း။

" ရော့ ....ရော့...အရည်မပျော်ခင် စားလိုက်"

ခြေဖျားလေးထောက်ကာ ကျနော့ပါးစပ်နားဆီ တေ့ကျွေးလာသော အရည်ပျော်တော့မဲ့ မိုးသီးလေး။ ကျနော်အလိုက်သင့် ခါးကိုင်းပေးရင်း စားလိုက်ရသည်။

" ဘယ်လိုလဲ အရသာရှိလား ကောကော"

" အရူး...ဒါက ဘယ်လိုအရသာရှိမှာလဲ။ "

မိုးတွေ တအိမ်းအိမ်းကျနေတဲ့ကြား ကြွက်စုတ်ကလေးဖြစ်နေတဲ့ ရီပေါ်ကို မျက်လုံးပြူးပြရင်း သူ့လက်ကိုဆွဲကာ အပြန်လမ်းကို ဦးတည်ရသည်။
သူကတော့ ဘေးကနေတဟီးဟီးတဟားဟားနဲ့ ကျနော့လက်ကိုတွဲရင်း မြူးထူးလို့။

တ​ယောကြိုး​လေးထက်​ရစ်​ပတ်​နှောင်​ဖွဲ့သည်​(Completed)Where stories live. Discover now