အပိုင်း 16(ZawGyi&Unicode)

1.5K 188 30
                                    


ဟိုတနေ့ကပဲလာခဲ့ကြတဲ့ စမ်းချောင်းနံဘေးဆီ ကံမကောင်းစွာနဲ့ သုံးယောက်သား ရောက်လာခဲ့ကြသည်။ အကြောင်းကတော့ ဘာကိုမှရိပ်မိသေးဟန်မရှိသလို ဘာမှလဲမသိတဲ့ ဟွားဟွားက ကိုယ့်ရပ်ကိုယ်ရွာမို့ သူတို့နောက်လိုက်ပေးလာခဲ့ခြင်းဖြစ်သည်။

ဒီနေ့ညနေပိုင်း လမ်းလျှောက်ထွက်ဖို့ ရိပေါ်ရဲ့အကြောင်းပြချက်က မလွှဲဧကန်ရှောင်းကျန့်ဆီကအဖြေရဖို့အတွက်ပေမဲ့ အခုတော့ သူတို့ကြားပါလာတဲ့ ဟွားဟွားကြောင့် ဒုက္ခရောက်နေခဲ့ပြီ။

ရိပေါ်ရဲ့ မျက်နှာကလည်း သိသိသာသာကိုပျက်ယွင်းနေရင်း ဟွားဟွားကို ဒီနားကနေ ထွက်သွားခိုင်းချင်နေပြီ။ သို့ပေမဲ့လဲ ဒီအတိုင်းကြီးထွက်သွားပါတော့လို့ ပြောလို့ကမကောင်းလေတော့ သည်းခံထားရတဲ့အချိန်ဟာ ကြာလာသည်။

လေအေးအေးတွေ လွှင့်ပျံ့နေတဲ့ဒီနေရာလေးမှာ အတွေးတွေကထွေပြားနေကြလို့လားမသိ စကားတစ်ခွန်းမှတော့ သူတို့မပြောမိကြသေးဘူး။ အဲ့ဒီလိုပဲ တစ်ယောက်တစ်နေရာစီ ငေးကြည့်နေကြရင်း မတ်တပ်ရပ်လျက် ငြိမ်နေကြတယ်။

ဒီအခြေနေကြား စိတ်မရှည်ဖြစ်လာတဲ့ရိပေါ်က မြေပြင်ပေါ်က ကျောက်စရစ်ခဲတွေကို ခြေထောက်နဲ့ ဟိုကန်လွှင့် ဒီကန်လွှင့်လုပ်ရင်း
ရှောင်းကျန့်ဆီ တိတ်တိတ်လေးခိုးကြည့်မိသည်။

အေးအေးဆေးဆေးနဲ့ ဘာမှမဖြစ်သလို တည်ငြိမ်နေတဲ့ ရှောင်းကျန့်ရဲ့မျက်ဝန်းတွေက ဟိုးအဝေးကြီးမှာ နေရာချထားရင်း ဘာတွေကို တွေးနေသလဲ သူခန့်မှန်းမရ။ မဟုတ်မှ အဖြေပေးဖို့ကို မေ့ချင်ယောင်ဆောင်နေတာတော့ မဟုတ်ဘူးမလား။

ဟွားဟွားနဲ့သူ့ကြား ရှောင်းကျန့်ကအလယ်မှာနေထားသည်မို့ ဝှီးချဲဘီးကို ရိပေါ်ခပ်ဆတ်ဆတ်လေး ကန်ပေးလိုက်သည်။ လှစ်ခနဲဝေ့ကြည့်လာတဲ့ မျက်လုံးလေး။ မမြင်ရလဲ သူကန်လိုက်တာကို ရှောင်းကျန့်က သတိထားမိသွားတဲ့သဘောပါပဲ။

ဒါပေမဲ့ ဘာမှပြန်မတုံ့ပြန်လာပဲ ငြိမ်မြဲငြိမ်နေပြန်တော့ နောက်တစ်ကြိမ် ဘီးကိုအားထည့်ပြီးကန်ချလိုက်သည်။

တ​ယောကြိုး​လေးထက်​ရစ်​ပတ်​နှောင်​ဖွဲ့သည်​(Completed)Where stories live. Discover now