အပိုင်း 36(ZawGyi&Unicode)

809 104 2
                                    

နှစ်ပတ်ခန့်အကြာ...

ခွဲခန်းရှေ့က ထိုင်ခုံတန်းလေးမှာ အရုပ်ကြိုးပြတ်ထိုင်ချထားတဲ့ ကောင်လေးဟာ ကူကယ်ရာမဲ့နေတဲ့ပင်လယ်ပြင်ထဲ လက်လျော့အရှုံးပေးလိုက်သူလိုမျိုးဖြစ်နေခဲ့တယ်။ တစ်ချိန်ထဲမှာပဲ ခပ်မြန်မြန်တွန်းယူလာကြတဲ့ လူနာတစ်ယောက်ကို သူ့ရှေ့မှာပင် တွန်းလှည်းနဲ့ဆွဲဝင်သွားကြတဲ့မြင်ကွင်း။ အဲ့ဒီလူနာက မျက်မမြင်လမ်းမလျှောက်နိုင်တဲ့ ဒုက္ခိတတစ်ယောက်။ တစ်နည်းအားဖြင့် သူ့အတွက်နောက်ထပ်မရှိနိုင်သောမိန်းမကလေးရဲ့  အသက်ရှင်နိုင်မှုအခြေနေကိုကြည့်ပြီး မျက်ကြည်လွှာအစားထိုးအယူခံမဲ့သူပေါ့။

"ကျေးဇူးပြုပြီး ကျန့်ကျန့်အဆင်ပြေပြေနဲ့အရင်လို ပြန်ဖြစ်လာပါစေ။ "

အပြင်မှာကျန်ထားခဲ့တဲ့ မိန်းမကြီးတစ်ယောက်က စိတ်ပူပန်မှုတွေနဲ့ ဘုရားကိုဆုတောင်းလိုက်တဲ့အသံကိုကြားလိုက်ရတဲ့အခါ သူ ထိုမိန်းမကြီးကို စိတ်ပျက်စွာပဲ မျက်လုံးပင့်ကြည့်လိုက်သည်။ ဘေးမှာလဲ ယောကျ်ားကြီးတစ်ယောက်နဲ့ ခပ်ငယ်ငယ်မိန်းကလေးတစ်ယောက်ရယ် နောက်ထပ် အသိုင်းအဝိုင်းကြီးကဖြစ်ဟန်တူတဲ့မိန်းကြီးတစ်ယောက်ရယ်ရှိနေသေးသည်။ ကြည့်ရတာ လူနာရှင်ရဲ့ မိသားစုဝင်တွေဖြစ်မည်။ အကုန်လုံးက သူတို့လူနာအတွက် ပူပန်မှုအပြည့်နဲ့ ဘေးလူကိုဂရုမစိုက်နိုင်စွာ ဆုတောင်းဝတ်ပြုမှုတွေလုပ်နေကြသည်။

ရင်ထဲကလှိုက်ခနဲတက်လာသောနာကျင်မှုနဲ့ သူအဲ့ဒီလူတွေကိုကြည့်ပြီး နှုတ်ခမ်းတစ်ဖက်ရွဲ့ကာမဲ့ပြုံးလေးတစ်ခုပြုံးလိုက်မိတယ်။

လူတွေက သိပ်ကိုတရားကျရာကောင်းမနေဘူးလား။ သူတို့အတွက်တော့ အရမ်းကိုကြည့်တတ်ကြပြီး တစ်ဖက်လူအတွက်တော့ စိတ်ထဲမြူတစ်မှုန်စာလေးတောင် စဥ်းစားပေးမှုဆိုတာမရှိခဲ့တာတွေ။

စဥ်းစားကြည့်ရင် သူတို့ရဲ့ဆုတောင်းမှုတွေက ထိုဒုက္ခိတလူနာအတွက်တော့ ကံကောင်းခြင်းတွေနဲ့ဖြစ်စေဖို့ဦးတည်နေပေမဲ့ တစ်ဖက်ကလူနာအတွက်ကျတော့ရော။ တစ်ခါတည်းသေသွားပါစေတော့လို့ ဆုတောင်းနေကြတာနဲ့မတူဘူးလား?

တ​ယောကြိုး​လေးထက်​ရစ်​ပတ်​နှောင်​ဖွဲ့သည်​(Completed)Where stories live. Discover now