အပိုင်း 40(ZawGyi&Unicode)

825 109 20
                                    


ဆယ်ခေါက်မှာ တစ်ခေါက်လေးတောင်ရောက်လာခဲစွသောရိပေါ်ဟာ အခုလိုညအချိန်ကြီးမှာ သူမဆီအပြေးရောက်လာခဲ့ပေသည်။ သံစဉ်တေးသွားတွေကို ရမယ်ရှာပြီးခေါ်လိုက်ပေမဲ့ တကယ်တော့လဲ သူမမှာ ရိပေါ်နဲ့ညအချိန်ကြီး ဘာသံစဉ်တွေကိုမှ ရှာဖွေချင်စိတ် နည်းနည်းလေးတောင်မရှိခဲ့ဘူး။

တမင်အကြောင်းပြကာခေါ်လိုက်သည်မို့ နှစ်ယောက်သား အခန်းထဲမှာသာ ဒီအတိုင်းထိုင်နေမိရင်း သူမသည်လည်း ပုံမှန်မဟုတ်မှန်းသိသာနေတဲ့ရိပေါ်ကို  ဘယ်လိုစကားစရမှန်းမသိချေ။ ပြီးတော့ သူမအခန်းထဲရောက်နေတဲ့ ရိပေါ်ဟာ သောက်လေ့သောက်ထမရှိတဲ့ ဆေးလိပ်ကိုသာဂရုတစိုက်ဖွာနေနေရင်း စိတ်တွေလေလွင့်နေသလို ငူငေါင်နေသည်။

အရူးလိုပဲသူမကတော့ ရိပေါ်ရဲ့အဲ့ဒီအပြုမူကြား ဆေးမိနေသူလို စွဲလမ်းနှစ်ခြိုက်စွာကြည့်မဝဖြစ်ရပြန်သည်။ တစ်ခါတစ်ခါဆေးလိပ်ငွေ့တွေ မှုတ်ထုတ်လိုက်တဲ့နှုတ်ခမ်းသားအိအိက ချစ်စရာကောင်းစွာ ရှေ့ကို့ထွက်လာရင်း မျက်လုံးတွေကိုမှေးခနဲလုပ်လိုက်တဲ့အပြုမူ။ သိပ်ကိုယစ်မူးဖို့ကောင်းတဲ့ ယမကာတစ်ခွက်ကိုသောက်နေရသယောင် သူမကိုမှိန်းမောစေသည်။

"ငါတို့ ဒီအတိုင်းပဲထိုင်နေတော့မှာလား။ "

"ဟင် ? "

ရှေ့တည့်တည့်မှုတ်ထုတ်လာတဲ့ မီးခိုးငွေ့တွေကပြယ်ပျက်သွားရင်း ရုတ်တရက်မေးလာတဲ့စကားမှာ မျက်လုံး​တွေပြူးကျယ်သွားရသည်အထိ Maya ဟာ တုန်ရီသွားသည်။

"ဝမ်....မဟုတ်မှ...နင် စိတ်ညစ်စရာရှိနေတာလား။ "

"မင်းငါ့ကိုခေါ်တဲ့အကြောင်းရာကိုသာဆွေးနွေးရအောင်။ သံစဉ်အသစ်တွေရှာချင်တယ်ဆို။ "

စကားရှောင်သွားတဲ့ရိပေါ်က သူ့စိတ်ထဲဘာ​တွေဖြစ်နေတယ်ဆိုတာ သိစေချင်ပုံမပေါ်။ ဒီတော့ သူမ ရိပေါ်ထိုင်နေတဲ့ မျက်နှာချင်းဆိုင်မှာ ပိုတိုးကာထိုင်လိုက်သည်။

"တကယ်တော့ ငါသံစဉ်တွေရှာချင်တာထက် နင်နဲ့အတူရှိချင်လို့ခေါ်လိုက်မိတာ။ ငါ့စိတ်ထဲမွန်းကြပ်နေတာတွေ နင်နဲ့အတူဖြေဖျောက်ကြည့်ရင်ကောင်းမလားဆိုတဲ့စိတ်နဲ့ပေါ့။ ဒါပေမဲ့ ငါ့ထက်နင်က ပိုမွန်းကြပ်နေပုံပဲ။ "

တ​ယောကြိုး​လေးထက်​ရစ်​ပတ်​နှောင်​ဖွဲ့သည်​(Completed)Donde viven las historias. Descúbrelo ahora