အပိုင်း 46(ZawGyi&Unicode)

1.1K 115 25
                                    

မနက်နှိုးလာတာနဲ့ ရှောင်းကျန့်ပထမဆုံး တမ်းတမျှော်လင့်မိတာဟာ ချစ်ရသူရဲ့ရင်ခွင်ထဲက အငွေ့အသက်လေး။ ​ဘယ်လောက်တောင်ကြာနေပြီလဲ။

ပါးစပ်ကပြောထွက်လိုက်ဖို့တောင် စကားလုံးရှာမရတဲ့ အနေအထားမျိုးနဲ့ စောင့်စားခဲ့ရတဲ့သူ့နှလုံးသားက ခြောက်သွေ့လုနီးပါးရေတွင်းတစ်ခုနဲ့တူနေပါပြီ။

ဒီလှုပ်ရှားမရတဲ့ခြေထောက်တွေနဲ့ အိပ်ရာထက်ပက်လက်နေထားရင်း လူတစ်ယောက်ယောက် သူ့ဆီရောက်လာဖို့ မနက်တိုင်းစောင့်ရတဲ့အဖြစ်မျိုးတွေ။ ပေါ့ပေါ့လေးနေမိရင်တောင် ဒုက္ခိတဖြစ်ထားသူ့အတွက်တော့ ဒါကနေ့တိုင်းခံစားရတဲ့ ငရဲခန်းတွေလို။

ခံစားချက်က ဟိုးအရင်က အမြင်အာရုံတွေမရခင်ကထက် ပိုဆိုးရွာလာတယ်လို့ ခံစားမိတော့အစခပ်သိမ်းလိုက်လုပ်ပေးနေတဲ့ မားကို အားနာရသည်။

ဟုတ်တယ်။ ဒီလိုလုပ်ပေးတာတွေကို သူရချင်နေတာဟာ ကောင်လေးငယ်တစ်ယောက်ဆီက။ မိဘမေတ္တာတွေထက် သူတောင့်တခံစားချင်နေခဲ့တာဟာ ချိုအီအီတစ်ထောင့်ငါးရာသောချစ်ခြင်းတွေဖြစ်နေတာ။

ဘယ်လောက်ပဲ ရိပေါ်ကို သူ့အတွက်နဲ့ဒုက္ခမများစေချင်ပါဦး။ လက်တွေ့မှာ သူလိုချင်တဲ့ဂရုစိုက်ယုယမှုတွေကတော့ နှလုံးသားနဲ့ရင်းပြီးချစ်ခဲ့ရတဲ့ ကောင်ကလေးငယ်ဆီမှပါလေ။

အတူမနေရတဲ့ ကာလအပိုင်းအခြားဟာ တကယ်တော့ လွမ်းဆွတ်တမ်းတမှုတွေထက် အခန့်မသင့်သော အထင်မြင်လွဲမှုတွေနဲ့ ရင်နာစရာတွေပဲရခဲ့တော့ ထင်ထားတာထက် ပိုနာကျင်စေတယ်။

မနေ့ညက ရှောင်းကျန့်ဟာ ဒီအိပ်ခန်းလေးထဲမှာပဲ တစ်ယောက်တည်း ငိုခဲ့တယ်။ စင်မြင့်ပေါ်ကနေ ကမ္ဘာတစ်ဝှမ်းက အောင်မြင်မှုတွေဆီ လျှောက်လှမ်းတော့မဲ့ ကောင်လေးကိုကြည့်ပြီး သူ့မျက်ရည်တွေက ထိန်းမနိုင်သိမ်းမနိုင်ပေါ့။

ဝမ်းသာတယ်။ ဂုဏ်ယူတယ်။ တစ်ဆက်ထဲမှာပဲ နာကျင်တယ်။ ဝမ်းနည်းတယ်။ ကြောက်ရွံ့တယ်။ ရုတ်တရက် အကြီးကြီးပြောင်းလဲသွားမဲ့ ပြောင်းလဲမှုတွေထဲ သူက ချောင်တစ်ခုမှာ အသုံးမလိုတဲ့အမှိုက်လေးလို ကျန်ထားခဲ့မှာစိုးရိမ်တုန်လှုပ်တယ်။

တ​ယောကြိုး​လေးထက်​ရစ်​ပတ်​နှောင်​ဖွဲ့သည်​(Completed)Where stories live. Discover now