အပိုင်း 29(ZawGyi&Unicode)

984 137 17
                                    


ရိပေါ် အခန်းတံခါးကိုဖွင့်ပေးလိုက်တဲ့နောက် ဟွားဟွားက သူမရဲ့ဘေးလွယ်အိတ်လေးကိုကိုင်ကာ သက်မချရင်း ခြေလှမ်းတစ်လှမ်းစလှမ်းလိုက်သည်။ အနေဝေးသွားခဲ့တဲ့ ဒုက္ခိတအစ်ကိုတစ်ယောက်ကို ပြန်တွေ့ရမှာမို့ ပျော်ရွှင်ဝမ်းသာနေရမဲ့အစား သူမက မသက်သာမှုတွေနဲ့ စိတ်မွန်းကြပ်နေသလိုခံစားမှုမျိုးသာ အပြည့်အဝခံစားနေရသည်။

တိတ်ဆိတ်နေတဲ့အခန်းထဲ ရှောင်းကျန့်က တစ်နေရာထဲကိုသာ ငေးငိုင်စွာနဲ့ ဝှီးချဲပေါ်ထိုင်နေခဲ့တယ်။ ပြီးတော့ အခန်းထဲဝင်လာတဲ့ခြေလှမ်းသံကိုကြားသွား၍ထင်သည်။ ရိပေါ် ဆိုတဲ့ နာမ်စားကိုသာ အမေးစကားအနေနဲ့ အသံမြင့်ပြီး ခေါ်လာတယ်။

ဟွားဟွား မချိပြုံးလေးသာပြုံးလိုက်ရင်း သူ့ဘေးနားက ရိပေါ်ကို လှည့်ကြည့်မိသည်။ ဒီလူနှစ်ယောက်ရဲ့ ဆက်ဆံရေးကို အလုံးစုံသိပြီး အရာရာကို ကြိုတွေးထားခဲ့တာတောင်မှ အခုလိုကြုံတွေ့လာရတဲ့အခါ သူမရင်ထဲ မခံထိမခံသာနဲ့ ခံစားနေရတယ်။ သိပ်တော့ အဆင်မပြေဘူးဆိုတာထက် တကယ်ကိုအဆင်မပြေဘူးလို့ သူမအော်ဟစ်ပြစ်လိုက်ချင်သည်။

"ဟွားဟွားပါလာတယ်။ "

ရိပေါ်ရဲ့ အေးစက်စက်စကားသံမှာ ရှောင်းကျန့်က ဖျတ်ခနဲဆို ဝှီးချဲကိုလှည့်လာပြီး ဝမ်းသာအားရသော အပြုံးတွေနှင့်။

"ဟွားဟွားပါလာတယ် ? ဟွားဟွား..."

လက်လေးကမ်းနေတဲ့ ရှောင်းကျန့်က မုသားမပါ အမှန်တကယ်မျှော်လင့်စောင့်စားနေမှန်း ပြောစရာမလိုတော့အောင်ပါပဲ။ ဟွားဟွား ရပ်နေသောနေရာမှ အပြေးသွားကာ သူမအားကြိုဆိုနေသော ရင်ခွင်တစ်ခုဆီ တိုးဝင်ဖက်တွယ်လိုက်မိသည်။

သူတို့သုံးယောက်ကြား ဖန်လာတဲ့ကံကြမ္မာကို သူမဘယ်လိုတုံ့ပြန်ရမလဲဆိုတာကို အဖြေရှာမရခဲ့ဘူး။ လမ်းပျောက်နေတဲ့ကလေးငယ်လို။ လေနှင်ရာလွင့်ရတော့မဲ့ ရွက်လှေလေးလို။

"ကောကော အဆင်ပြေနေခဲ့လို့ တော်ပါသေးတယ်။ "

မျက်ရည်အဝိုင်းသားနဲ့သူမ ရှောင်းကျန့်ကို ဖက်တွယ်ထားလျက်ဆဲ။ စိတ်ဆိုးမှုတွေရှိခဲ့ဖူးတယ်။ မကျေနပ်မှုတွေနဲ့ မတွေ့ချင်တော့ဘူးလို့တောင် သူမတွေးခဲ့ဖူးတယ်။ ဒါပေမဲ့ စစ်မှန်တဲ့သံယောဇဥ်တစ်ခုရှိလာရင် သံတုံးသံစိုင်တစ်ခုကို ဝါးလုံးနဲ့ဖြတ်တောက်မယ်ဆိုတာထက်တောင် ခက်ခဲနေသေးတယ်မလား။

တ​ယောကြိုး​လေးထက်​ရစ်​ပတ်​နှောင်​ဖွဲ့သည်​(Completed)Where stories live. Discover now