အပိုင်း 24(ZawGyi&Unicode)

1.1K 152 13
                                    


Golden Royal ဆိုတဲ့စကားလုံးအား ဝင့်ဝင့်ထည်ထည်နဲ့ပုံဖော်ထားတဲ့ အဆောက်အဦးရှေ့ ခြေစုံရပ်ချလိုက်သည်။ တမျှော်တခေါ်မြင့်မားလွန်းတဲ့ အကြီးဆုံးကုန်တိုက်တွေထဲကတစ်ခုဖြစ်တဲ့ ပါးပါးပိုင်တဲ့ အကြီးမားဆုံးသောပိုင်ဆိုင်မှု။ ရိပေါ်  ဘေးလွယ်အိတ်ကို စလွယ်သိုင်းလွယ်ချရင်း ခပ်သွက်သွက်လျှောက်ဝင်ခဲ့လိုက်သည်။ ဦးထုပ်ကိုလည်း မျက်နှာမမြင်ရလောက်အောင်အထိ ငိုက်ဆောင်းထားသေးသည်။

အပေါ်ဆုံးက ပါးပါးရဲ့ရုံးခန်းရောက်သည်အထိ လမ်းတစ်လျှောက်လုံးကဝန်ထမ်းတွေနဲ့ စျေးဝယ်သူတွေကို သူစိုးရိမ်မိပေမဲ့ အလုပ်ကိုယ်စီနဲ့သူတို့မှာ သူ့ကိုဂရုမစိုက်နိုင်အား။

နောက်ဆုံး ပါးပါးရဲ့အခန်းရှေ့အရောက်လို့ အခန်းထဲဝင်ထိုင်ရတော့မှ သက်ပြင်းလေးမသိမသာချလိုက်မိတော့သည်။

"ဘယ်လိုပုံစံနဲ့ရောက်လာတာလဲ။ "

ပါးပါးက ခပ်ပေါ့ပေါ့အသံနဲ့ သူ့ကိုမျက်လုံးပင့်ကြည့်ရင်း မေးလာသည်။ ရိပေါ်  သူ့ခေါင်းပေါ်ကဦးထုပ်ကိုဆွဲချွတ်ရင်း ပါးပါးရှေ့ကခုံမှာဝင်ထိုင်ကာ မနေတတ်စွာပြုံးပြမိသည်။ နည်းနည်းတော့ အူကြောင်ကြောင်နိုင်တယ်။ သူကိုယ်တိုင်က မလုံမလဲဖြစ်တာလဲ ပါမည်ထင်သည်။

"ဒီက မန်နေဂျာနဲ့ မတော်တဆတွေ့မှာစိုးလို့ပါ။ ပြီးတော့ ပါးလွှတ်ထားတဲ့ ဘော်ဒီဂတ်တွေရော။ သူတို့ ဒီမှာ ဘယ်လောက်ကြာအောင်လုပ်ခဲ့တယ်ထင်လဲ။ သားကိုတွေ့တာနဲ့ သူဌေးသားဆိုပြီး လိုက်ခေါ်မဲ့သူတွေချည်းပဲ။ "

"ဟားဟား...အဲ့တော့ ဘာဖြစ်လဲကွ။ အရင်ကလဲ သားဒီကိုလာတိုင်း အဲ့လိုဖြစ်နေကျပဲမလား။ သား ငယ်ငယ်ကဆို ဒီကုန်တိုက်ထဲပြေးလွှားဆော့ကစားနေလို့ သူတို့ပဲလိုက်ထိန်းခဲ့ရတယ်လေ။ "

"အခုက မတူတော့ဘူးလေ ပါး။ သူတို့နဲ့စကားစပ်မိလို့ မေးခွန်းတွေမေးလာရင် သားမှာဖြေစရာအဖြေမရှိမှာမျိုး သားရင်မဆိုင်ချင်ဘူး။ "

သူ့စကားမှာ ပါးပါးက ခေါင်းတငြိမ့်ငြိမ့် ခပ်ရေးရေးသာပြုံးရင်း တည်ငြိမ်သွားတယ်။ ဘာကိုနားလည်ပေးလိုက်သလဲ အတိအကျမသိပေမဲ့ ပါးပါးက အချိန်ခဏတော့ တိတ်ဆိတ်သွားခဲ့သေးတာ။

တ​ယောကြိုး​လေးထက်​ရစ်​ပတ်​နှောင်​ဖွဲ့သည်​(Completed)Where stories live. Discover now