အပိုင်း 14(ZawGyi&Unicode)

1.4K 195 61
                                    


လှုပ်ရှားနိုင်စွမ်းမရှိတဲ့ပေါင်ပေါ်  ခေါင်းငုံ့ချကာ နဖူးနဲ့ထိတွေ့လာတဲ့ အထိအတွေ့။ ထို့နောက် တရှုံ့ရှုံ့ငိုသံလေးက ထွက်လာကာ သူ့ပေါင်ပေါ်မှာ စိုစွတ်မှုလေးအရာထင်လာမှန်း သိလိုက်ရတယ်။

ကောင်လေးက ငိုသွားခဲ့ပြီ။

ရှောင်းကျန့် သူ့ပေါင်ပေါ်မျက်နှာအပ်ကာ တုန်ရီလာတဲ့ကျောပြင်ကို တဖွဖွပုတ်ပေးရင်း ဘာစကားမှမတုံ့ပြန်ခဲ့ဘူး။ ကိုယ်တိုင်က မျက်ရည်ဝဲနေခဲ့ရင်း အခုချိန် သူစကားတစ်ခွန်းထွက်ရင်ထွက်တဲ့အလျောက် အသေအချာကို ကလေးတစ်ယောက်လို ငိုချမိသွားမှာစိုးသည်။

ဒါကြောင့် အချိန်အတော်ကြာသည်အထိ ရိပေါ်ရဲ့ခံစားမှုတွေကို လိုက်လျောပေးပြီး ဒီကလေးအငိုဝသည်အထိ စောင့်ဆိုင်းပေးခဲ့သည်။

ညနေစောင်းလာလေလေ ချောင်းနံဘေးမှာ လေအေးကပိုလာလေမို့ အေးစိမ့်စိမ့်အရသာက သိသာလာပြီ။ သူ့ရှေ့ဒူးထောက်ထိုင်ထားတဲ့ ရိပေါ်ရဲ့ဒူးတွေလဲ အခုချိန်ဆို နာကျင်နေလောက်ရောပေါ့။

"ထတော့ ထတော့ ရိပေါ်။ ပြန်ရအောင်။"

"ကျွန်တော် မပြန်ချင်ဘူး။ "

စူပုတ်ပုတ်အသံလေးထွက်လာခဲ့ရင်း ခေါင်းကအခုထိပြန်မမော့လာ။

"မပြန်လို့မဖြစ်ဘူးလေ။ အခုချိန်ဆို အိမ်မှာပါးလဲရောက်နေလောက်ပြီ။ မင်းဒူးတွေကရော မနာနေဘူးလား။ ဒီလောက်အကြာကြီး ဒူးထောက်ထိုင်ထားခဲ့တာ။ ထတော့ ။ "

"မထဘူး။ "

ခေါင်းမမော့လာသေးတဲ့ ရိပေါ်​အကြောင်းသူသိသည်။ အရင်ကလိုပဲ ဆိုးချင်တိုင်းဆိုးပြီး ရချင်တာကို မရရအောင်လုပ်ယူတတ်တဲ့အကျင့်။ အသက်တွေလဲကြီးလာပြီကို အခုချိန်ထိ အဲ့လို ကလေးစိတ်ကြီးက မပျောက်သေးဘူးလား။

ရှောင်းကျန့် သက်ပြင်းသာချမိရင်း ကောင်လေးရဲ့ ဆံပင်ပွပွကို လက်နဲ့ထိုးဖွပေးလိုက်သည်။

"အခုကိစ္စက လွယ်လွယ်လေးဆုံးဖြတ်လိုက်လို့ မရဘူးဆိုတာကို နားလည်တယ်မလား။ ဘာလို့ ကလေးတွေလို ပေကပ်ချင်နေရတာလဲ။ "

တ​ယောကြိုး​လေးထက်​ရစ်​ပတ်​နှောင်​ဖွဲ့သည်​(Completed)Where stories live. Discover now