အပိုင်း 31(ZawGyi&Unicode)

1.1K 134 2
                                    

ပူနွေးစွာခံစားနေရပြီး အသွေးအသားထဲအထိစီးဆင်းလာစေတဲ့ လက်ထိပ်ဖျားထံကပ်နေသော နှုတ်ခမ်းပါးတစ်စုံရဲ့အထိအတွေ့။ ယခုလို သူ့လက်ထိပ်ဖျားဆီအနမ်း​ခြွေလာသော ရှောင်းကျန့်ရဲ့အပြုမူက အသက်ရှူမေ့မှားစေနိုင်တဲ့လုပ်ရပ်မျိုးမို့ သူ့ရဲ့အခုန်မြန်နေသောနှလုံးခုန်နှုန်းကို မဖုံးနိုင်မဖိနိုင်နဲ့ လွှတ်ထားပေးရသည်။

မှေးစင်းလာသောမျက်ခွံတွေက မမှိတ်ချနိုင်သေးပဲ ဘယ်လိုသဘောဆောင်မှန်းမသိတဲ့ ရှောင်းကျန့်ရဲ့အနမ်းနွံထဲ သူမှိန်းမောလို့ကောင်းနေသည်။ တစ်ခါမှ ဒီလိုမျိုးခံစားရခက်ပြီးပြင်းပြတဲ့ အနမ်းမပေးဖူးသည့် ရှောင်းကျန့်က အခုတော့ သူ့လက်တစ်ချောင်းချင်းစီကို ညင်သာစွာစုပ်ယူနမ်းရှိုက်မှုလေးပြုနေခဲ့တယ်။

"ကျွန်တော့ကို...တကယ်...ရူးအောင်လုပ်နေတာလား။ "

အာခေါင်အတွင်းကလာတဲ့အသံနဲ့ ရိပေါ်က ရှတတလေးပြောထွက်မိတော့ ရှောင်းကျန့်သဘောကျစွာပြုံးသွားရင်း လက်ချောင်းလေးတွေကိုနမ်းနေတာကိုရပ်လိုက်သည်။ ထို့နောက် ရိပေါ်ရဲ့ခပ်ကြီးကြီးလက်ဖဝါးတစ်ခုလုံးကိုဆွဲယူကာ မျက်နှာအပ်ရင်း အိပ်မည်ပြင်တော့ ကောင်လေးကလက်မနှေးစွာ သူ့အပေါ်အုပ်မိုးခဲ့တော့တယ်။

ရှောင်းကျန့်သူ့အပေါ်လွှမ်းခြုံထားလာတဲ့ ခန္ဓာကိုယ်ကို အမြန်ပဲလက်နှစ်ဖက်နဲ့ ပင့်တွန်းမိလိုက်သည်။ တဒုတ်ဒုတ်လှုပ်ရှားနေတဲ့ ကောင်လေးရဲ့ ရင်ဘတ်က သိပ်စိတ်လှုပ်ရှားနေဟန်ပဲ။ပြီးတော့ လျင်မြန်စွာရှူထုတ်ရှူသွင်းနေတဲ့ ရိပေါ်ရဲ့ဝင်လေထွက်လေက သူ့မျက်နှာမှာ တိုက်ရိုက်တိုးဝေ့လို့နေပြီ။

"ဘာဖြစ်ဖို့စဥ်းစားနေတာလဲ ကောင်လေး။ ဒါက ဆေးရုံနော်။ "

ပြုံးစစနဲ့မေးမိတော့ အကောင်ဆိုးလေးက အလိုမကျမှုတွေနဲ့ ကလေးဆန်စွာ ပြန်ပက်ပြောပါရဲ့။ သူ့ကို ဘာလို့မထိန်းနိုင်အောင် လာဆွသလဲတဲ့လေ။ ရှောင်းကျန့် ဒီအဆိုးလေးကို တကယ်ပဲ ဘာမှမလုပ်ပြရဲလောက်အောင်ပါလားဆိုတဲ့အတွေးလေး တွေးမိသွားတယ်။

"ညနေရောက်နေပြီမလား။ မြန်မြန်ငါ့ကိုယ်ပေါ်ကဆင်းတော့။ ခဏနေရင် လေ့ကျင့်ခန်းလုပ်ဖို့ ဆရာမလာတော့မှာ။ ဒီပုံစံနဲ့သူများမြင်သွားရင် မကောင်းဘူး။ "

တ​ယောကြိုး​လေးထက်​ရစ်​ပတ်​နှောင်​ဖွဲ့သည်​(Completed)Where stories live. Discover now