အပိုင်း 21(ZawGyi&Unicode)

1.3K 171 25
                                    


"သားတို့ အိမ်ပြောင်းနေမလို့ပါ။ "

သာမာန်ကိစ္စလေးကိုပြောဆိုနေသလိုပဲ ရိပေါ်က ပြောချခဲ့တယ်။ ရှောင်းကျန့်ကတော့ အခုချိန် သူမျက်စိမမြင်ရတာဟာ ကြံကြံဖန်ဖန်ကံကောင်းနေတယ်လို့တောင် တွေးမိနေခဲ့တာပဲ။

အိမ်ကြီးထဲ အပ်ကျသံကြားရလောက်အောင် တိတ်ဆိတ်နေခဲ့ရင်း ရှောင်းကျန့်ရဲ့စိတ်လှုပ်ရှားမှုသိသာတဲ့ အသက်ရှူသံပြင်းပြင်းက ကျယ်လောင်လာခဲ့သည်။

"အိမ်ပြောင်းနေမယ် ဟုတ်လား။ "

မားမားက ထင်ထားတဲ့အတိုင်း သဘောတူဟန်မပါခဲ့ဘူး။ ပါးပါးကတော့ တစ်ခုခုကိုတွေးဆနေသလို နှုတ်ဆိတ်နေရင်းသာ သူတို့ကိုစောင့်ကြည့်နေသည်။

"ကျန့်ကောနဲ့နှစ်ယောက်ထဲ လွတ်လွတ်လပ်လပ်နေချင်လို့ပါ။ "

"အဲ့တော့ သားပြောချင်တာက မားတို့ဒီအိမ်က သားတို့အတွက် မလွတ်လပ်ဘူးဆိုတဲ့သဘောပေါ့။ မားတို့နဲ့နေရတာကို မသက်သာဘူးလို့ခံစားနေရတယ်ပေါ့။ "

"မဟုတ်ပါဘူး အန်တီ။ ရိပေါ်ဆိုလို..."

"ကျန့်ကော အသာနေပါ။ "

ရိပေါ်ဟာ သူ့ကိုဘာစကားမှပြောခွင့်မပြုဘူးလို့ တရားသေဆုံးဖြတ်ထားခဲ့ပုံရတယ်။ အားနာစွာစကားအလှဆင်တော့မဲ့သူ့ကို အမြန်တားရင်း လက်ကိုလဲမာန်ပါပါနဲ့ဆုတ်ကိုင်ထားခဲ့သေးသည်။

"မား အတွေးတွေလွန်နေပြီထင်တယ်။ သားကအဲ့ဒီလိုသဘောမျိုးပြောတာ မဟုတ်ဘူးလေ။ အခုဆို သားနဲ့ကျန့်ကောက သာမာန်ရင်းနှီးမှုတွေနဲ့ ပတ်သတ်ထားကြတဲ့သူတွေမဟုတ်လို့ မားတို့ဆီမှာပဲ ဒီလိုနေနေဖို့က ဖြစ်မှမဖြစ်နိုင်တော့တာ။ နောက်ပြီး အိမ်ခွဲနေတယ်ဆိုတာက အခုမလုပ်လဲ နောက်တော့သေချာပေါက်လုပ်လာရမဲ့ကိစ္စပဲ။  "

"ဘာပြောတယ်? ရိပေါ် ! ဒီစကားက ဘာကိုဆိုလိုတာလဲ။ မားကိုသေချာပြောစမ်းပါ။ "

မားက သူ့စကားကိုရိပ်မိသွားသလိုဖြစ်လာတော့ အထိတ်တလန့်နဲ့ မတ်တပ်ထရပ်လာခဲ့သည်။ ရိပေါ်  မားရဲ့မျက်လုံးတွေကို သေချာကြည့်ရင်းပဲ ခေါင်းငြိမ့်ပြလိုက်တယ်။

တ​ယောကြိုး​လေးထက်​ရစ်​ပတ်​နှောင်​ဖွဲ့သည်​(Completed)Where stories live. Discover now