အပိုင်း 26(ZawGyi&Unicode)

1K 143 19
                                    


ရိပေါ်ဟာ သူ့လက်ထဲက ဝှီးချဲကိုတိတ်ဆိတ်စွာတွန်းရင်း ဘေးကလိုက်ပါလာတဲ့ ပါးပါးကို တစ်ချက်လှည့်ကြည့်လိုက်သည်။ပါးပါးကတော့ သက်ပြင်းသာချရင်း သူ့ပခုံးကို အားပေးနှစ်သိမ့်စွာပုတ်ပေးတယ်။ ရှောင်းကျန့်ကတော့ ဝှီးချဲပေါ်မှာသာ ငြိမ်ငြိမ်လေးလိုက်ပါလာရင်း အခုထိစကားတစ်ခွန်းမှထွက်မလာခဲ့။

ပထမဆုံး ဆေးရုံတက်တဲ့နေ့မှာပင် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးမှုက သူတို့ မျှော်မှန်းထားတာတွေလောက် အလားအလာမကောင်းခဲ့လေဘူး။

ဆရာဝန်ကြီးရဲ့အခန်းထဲကနေထွက်လာတဲ့တစ်လျှောက်လုံး သုံးယောက်သား နှုတ်ဆိတ်နေခဲ့ရင်း တဖြေးဖြေးနဲ့ သူတို့အခန်းရှေ့ရောက်လာခဲ့သည်။

"မင်းတို့ အရမ်းကြီးအားမလျော့သွားကြပါနဲ့ကွ။ ဒါက နောက်ထပ်နည်းလမ်းတွေရှိရင်လဲ ရှိဦးမှာပါ။ အခုတော့ နားနားနေနေနဲ့ ဒီမှာပဲဆရာဝန်တွေပြောတဲ့အတိုင်း နေကြရုံပဲပေါ့။ ပါးလဲ အလုပ်တွေရှိသေးလို့ နောက်မှပြန်လာခဲ့မယ် ဟုတ်ပြီလား။ ရှောင်းကျန့်လဲ ဘာမှစိတ်မပူနဲ့။ ဦးလေးတို့ရှိတာမို့ အကောင်းဆုံးဖြစ်အောင် လုပ်ပေးမှာပါ။ "

"ကျွန်တော် အဆင်ပြေပါတယ်။ "

အပြုံးတစ်ခုနဲ့ဆိုလာပေမဲ့ ရှောင်းကျန့်ရဲ့စကားသံက အေးစက်စွာနဲ့ စိတ်ပျက်မှုတွေပါနေခဲ့လို့ ရိပေါ်ရဲ့မျက်နှာက ပိုပိုပြီးညိုးငယ်လာတယ်။

ပါးပါးကတော့ အကုန်လုံးကို သဘောပေါက်စွာနဲ့ သူ့ကို အနားယူဖို့တိုးတိုးတိတ်တိတ်ပြောထားခဲ့ရင်း ထွက်သွားတယ်။

*ခြေထောက်ပြန်ကောင်းလာဖို့အတွက်တော့ ကျွန်တော်တို့ဘက်က 90% လောက်ကို အာမခံချက်မပေးနိုင်တာပါ။ *

ဆရာဝန်​ကြီးပြောခဲ့တဲ့ ဒီစကားတစ်ခွန်းဟာ အားတင်းထားသမျှ တစစီရိုက်ချိုးပြစ်ခံလိုက်ရသလိုပဲ။ ရိပေါ် သူ့လက်အောက်က ဝှီးချဲပေါ်မှာ တည်ငြိမ်စွာထိုင်ထားတဲ့ ရှောင်းကျန့်ကို စိတ်မကောင်းစွာကြည့်နေမိသည်။

အခုချိန် သူဘယ်လိုစကားမျိုးနဲ့ အားပေးလိုက်ရမလဲဆိုတာ တကယ်ကိုစဥ်းစားမရခဲ့ဘူး။ ထွက်သွားသော ပါးပါးရဲ့ကျောပြင်ကိုသာ တစ်ချက်ပြန်ကြည့်ရင်း အခန်းတံခါးကို ဆွဲဖွင့်လိုက်ရသည်။

တ​ယောကြိုး​လေးထက်​ရစ်​ပတ်​နှောင်​ဖွဲ့သည်​(Completed)Where stories live. Discover now