အပိုင်း 50(ZawGyi&Unicode)

1K 119 18
                                    


ပါးတို့မားတို့ပြန်သွားပြီး နောက်ရက်မှာပဲ ဟွားဟွားကရောက်လာတယ်။ ရှောင်းကျန့်ရဲ့ကိစ္စဟူသမျှ မငြီးမငြူလုပ်ပေးရင်း ဒီကောင်မလေးက အပင်ပန်းခံပေးရှာတယ်။ ရိပေါ်နဲ့ပြိုင်ပြီးတောင် သူမကရှောင်းကျန့်အတွက် အမေလိုနေရာမှာနေပြီး တကယ့်ကိုကြိုးကြိုးစားစားပဲ။

တစ်ခါတစ်လေ အလုပ်ရှာဆိုပြီး နေ့လည်လောက်ထွက်သွားပြီး ပြန်လာရင်လည်း အမောတကောနဲ့ သူတို့အတွက် စားသောက်ဖို့ပြင်ဆင်ပေးသေးတာ။ အိမ်အကူလဲမဟုတ်ပဲနဲ့ ဒီလောက်လုပ်ပေးနေတဲ့အခါ နှစ်ယောက်သား မနေသာတော့ဘဲ အိမ်အတွက်နေ့ပိုင်းအကူငှားလိုက်တော့မှ ငြိမ်ကျသွားတယ်။

အကုန်လုံးက သူ့နေရာနဲ့သူအဆင်ပြေသွားပေမဲ့ အမြဲတမ်းရှောင်းကျန့်အတွက် စိတ်ထဲမလုံမလဲဖြစ်စေတဲ့အရာလေးကိုတော့ ပါးစပ်ကပြောထုတ်ပြီး ဟန့်တားလို့မရသလို ဘယ်လိုမှလဲရှောင်လွှဲလို့မရခဲ့ဘူး။

အဲ့တာက ချန်ဖုန်းကိုကြည့်မရခဲ့ဘူးဆိုတဲ့ ဟွားဟွားက အခုနောက်ပိုင်းမှ ချန်ဖုန်းကိုအမွှန်းတင်ချီးကျူးမှုတွေများလာခဲ့တာ။ ရိပေါ်ရှေ့မှာဆို ပိုပိုသာသာတွေပြောနေတယ်လို့တောင် ရှောင်းကျန့်က ခံစားမိတဲ့အထိပဲ။

ရိပေါ်မရှိခင်အချိန်တုန်းကဆို ချန်ဖုန်းက ဘယ်လိုကူညီကြောင်း၊ ဘယ်လောက်ထိ ဂရုစိုက်ပေးကြောင်းတွေနဲ့ ရှောင်းကျန့်ကိုယ်တိုင်ကလည်း ချန်ဖုန်းနဲ့ရှိနေမှ လန်းဆန်းတက်ကြွသလိုရှိကြောင်းတွေပေါ့။ အဲ့ဒီလိုအချိန်တွေဆို ရှောင်းကျန့်ကသာ ပြောစရာစကားတွေပျောက်နေခဲ့တာ ရိပေါ်ကတော့ တပြုံးပြုံး ဟွားဟွားနဲ့စကားပြောကောင်းနေတတ်သည်။

အခုလည်း သုံးယောက်သားထိုင်နေရင်း ဟွားဟွားရဲ့ အဆက်အစပ်မရှိတဲ့စကားက စ​တင်လာသည်။

"ရိပေါ် ... နင်ကလေ ကောကောအတွက်ဆို နောင်ရေးအတွက်ပါကြိုမြင်တတ်သူပဲ။ "

"ဘာဖြစ်လို့လဲ။ ငါ့ကိုယ်ငါတောင် အဲ့လောက်ထိစွမ်းဆောင်နိုင်မယ်လို့မထင်ထားပါဘူး။ "

"နင်စဥ်းစားကြည့်လေ။ ဖုန်းကောရည်းစားရဲ့ မျက်ကြည်လွှာကို ကောကောအတွက်ရယူပေးလိုက်တာက ဘယ်လောက်အကျိုးရှိလိုက်သလဲ။ ဖုန်းကောကပါ ကောကောအတွက်ဆို အချိန်မရွေးစောင့်ရှောက်ပေးဖို့ အသင့်ဖြစ်နေပြီမလား။ "

တ​ယောကြိုး​လေးထက်​ရစ်​ပတ်​နှောင်​ဖွဲ့သည်​(Completed)حيث تعيش القصص. اكتشف الآن