အပိုင်း 10(ZawGyi&Unicode)

1.7K 219 75
                                    


ကုတင်အောက်ဘေးနား တုံးလုံးလှဲကျနေတဲ့ကိုယ်လေးကို ရိပေါ်စိုးရိမ်တကြီးနဲ့ ဆွဲထူမလိုက်သည်နှင့်တစ်ပြိုင်နက်။

"မား...မားလားဟင် ?"

ထိတ်လန့်စွာ မေးလာသောမေးခွန်းတစ်ခုနဲ့ ဟွားဟွားရဲ့အကိုဖြစ်သူဟာ သူ့လက်တွေကို အတင်းဆုတ်ကိုင်လာကြသည်။ တစ်ချိန်ထဲမှာပဲ အလန့်တကြားနဲ့ သူ့လက်တွေကို လွှတ်ချသွားပြန်တယ်။

အဲ့ဒီလိုပဲ ရိပေါ် ဟာ သူ့ဒူးတွေက ပျော့ခွေတော့မတတ် ယိုင်နဲ့သွားခဲ့ကြသည်။ ခပ်အုပ်အုပ်ဆံပင်တွေက နဖူးမှာအလေအလွင့်ရှိနေကြရင်း သူ့ဘက်လှည့်ကြည့်လာတဲ့ မျက်ဝန်းတွေဟာ  သာမန်မဟုတ်သောအကြည့်တွေနဲ့။ အဲ့ဒီအကြည့်တွေက ရေရာမှုလည်းမရှိ။

"ဘယ်သူလဲ ? ငါ့အခန်းထဲ ဘယ်သူဝင်လာတာလဲ ? "

ထူးထူးဆန်းဆန်းပြုမူနေတဲ့ ဒီလူတစ်ယောက်ဟာ သေချာပေါက် သူ့ရဲ့တစ်ဦးတည်းသော တွယ်တာခဲ့ရာလေးဖြစ်နေခဲ့လေသလား။

"ကျန့်...ကျန့်ကော ? "

ရိပေါ်ရဲ့တိုးတိမ်လွန်းစွာ ထွက်ကျသွားတဲ့နာမ်စားလေးကို တစ်ဖက်လူဟာမကြားနိုင်ခဲ့ဘူး။ မျက်ရည်တွေသာ တစ်ပေါက်ပေါက်ကျလာရင်း ရိပေါ် ရှေ့တိုးကာ ရှောင်းကျန့်ရဲ့လက်ကလေးကို ဆွဲယူမိလိုက်သည်။

"ဘယ်သူလဲလို့ ငါမေးနေတယ်လေ!! "

ကတုန်ကယင်နဲ့  သူ့လက်တွေကို တွန်းလွှတ်နေတဲ့ ရှောင်းကျန့်ဟာ အတော်လေးစိုးရွံ့နေရှာသည်။

"တကယ်ပဲ ကျန့်ကောလား ? "

" ......"

အနည်းငယ်ပြူးကျယ်သွားတဲ့ မျက်ဝန်းတွေဟာ ကျီးကန်းတောင်းမှောက် ဟိုကြည့်ဒီကြည့်နဲ့ ဖြစ်သွားရင်း ခန္ဓာကိုယ်လှုပ်ရှားမှုကတော့ ငြိမ်သက်သွားသည်။

ဒီလူတစ်ယောက်ရဲ့ မျက်ဝန်းအခြေနေတွေကိုကြည့်ပြီး ရိပေါ်အဖြေတစ်ခုကိုတော့ သေချာသိနေပြီ။ ပြီးတော့ မလှမ်းမကမ်းမှာချထားတဲ့ ဝှီးချဲ။ လှဲကျထားတဲ့ ဟွားဟွားရဲ့အကိုဆိုသူက ကြမ်းပြင်ပေါ်ဖင်သာရွေ့သွားပြီး သူ့ခြေထောက်တွေက နည်းနည်းလေးတောင် မလှုပ်ရှားခဲ့ဘူး။

တ​ယောကြိုး​လေးထက်​ရစ်​ပတ်​နှောင်​ဖွဲ့သည်​(Completed)Where stories live. Discover now