အပိုင်း 25(ZawGyi&Unicode)

1.1K 162 16
                                    


တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားတဲ့လက်တွေကို ဖာသာက ပြုံးပြုံးလေးသာကြည့်နေသည်။

ရှောင်းကျန့်မှာတော့ချွေးစေးတွေကပ်ငြိတွယ်နေခဲ့ရင်း ကောင်လေးရဲ့လက်ကို ပိုပြီးညစ်ကိုင်ထားမိသည်။ ဒီတော့ သူ့လက်တွေကို နောက်လက်တစ်ဖက်နဲ့ အုပ်ကိုင်ပေးလာတဲ့ ရိပေါ်ရဲ့လက်ဖဝါးနွေးနွေး။

တကယ်ဆို သူကိုယ်တိုင်က ဖာသာကိုယုံကြည်လွန်းပါတယ်ဆိုပြီး အခုလိုလာဖွင့်ပြောခဲ့တာမှန်ပေမဲ့ လက်တွေ့မှာ ထင်သလောက်တော့ မလွယ်ဘူး။ ရိပေါ်လောက်တောင် သူကမတည်ငြိမ်ဖြစ်နေခဲ့တာ။

မဝံ့မရဲဖြစ်နေတဲ့ရှောင်းကျန့်ရှေ့ မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ ဖာသာကတော့ ကြောက်ရွံ့နေတဲ့ကလေးတစ်ယောက်ကို နှစ်သိမ့်ချော့မြူသလိုအကြည့်တွေနဲ့ ကြည့်နေသည်။

"မင်းကြည့်ရတာ စိတ်တွေသိပ်လှုပ်ရှားနေသလိုပဲ ရှောင်းကျန့်။ "

"ကျန့်ကောက အိမ်မှာထဲက စိုးရိမ်နေခဲ့တာ။ ဘယ်သူ့ကိုမှအသိမပေးပဲ လက်ထပ်လိုက်တာကြောင့် ဖာသာစိတ်ဆိုးမှာလဲ ကြောက်နေတာပါ။ "

ကြားဝင်ဖြေလိုက်သော ရိပေါ်ကြောင့် သူရိပေါ်ဘက်ခေါင်းလေးလှည့်လိုက်ရင်း ကြောင်အအနဲ့။

"အိမ်တောင်ခွဲနေကြပြီလို့ ပြောခဲ့တယ်မလား။
ဒါက လက်ထပ်လိုက်တာနဲ့ ဘာကွာအုံးမှာလဲ။
စိုးရိမ်စရာမရှိတာကို စိုးရိမ်နေတာပဲ ရှောင်းကျန့်ရယ်။ "

"ဖာသာအပေါ် အသိမပေးမိတာကို ကျွန်တော်စိတ်ထဲတစ်မျိုးဖြစ်မိလို့ပါ။ "

"တကယ်ဆို ဖာသာကိုစိုးရိမ်ရမှာမဟုတ်ဘူး။
ဖာသာက မင်းတို့နှစ်ယောက်ကို လွတ်လွတ်လပ်လပ်နဲ့ကို သဘောတူခဲ့ပြီးသားလေ။ အဓိကက မိဘတွေကို ပထမဆုံးအသိပေးရမှာ။ မိဘတွေအနေနဲ့ သူတို့ကနောက်မှသိသွားရင် ဒါကပြဿနာရှိလာနိုင်တယ်။ "

ရှောင်းကျန့် ခေါင်းငုံ့ချကာ တိတ်ဆိတ်သွားသည်။ ရိပေါ်မားမားက သူတို့ကိုခါးခါးသီးသီးဖြစ်နေတာသိရက်နဲ့ အခုလိုလုပ်လိုက်တာက ဒေါသကို ပိုဆွပေးလိုက်တာနဲ့အတူတူပဲမလား။

တ​ယောကြိုး​လေးထက်​ရစ်​ပတ်​နှောင်​ဖွဲ့သည်​(Completed)Where stories live. Discover now