အပိုင်း 47(ZawGyi&Unicode)

912 108 20
                                    


ဘွဲ့ယူတဲ့ပုံလေးတွေပို့လာတဲ့ ကောင်လေးက ဒီနေ့တော့ သူနဲ့စာပို့ရင်း အရင်နေ့တွေထက်အဆင်ပြေနေသည်။ ဖုန်းမပြောရသေးလို့ အရွဲ့အစောင်းစကားလေးတွေ မကြားရတာလဲဖြစ်နိုင်ပါတယ်။

ပို့လာတဲ့ပုံတွေထဲ တစ်ယောက်တည်းရိုက်ထားတာတွေအများကြီးပေမဲ့ အဖွဲ့လိုက်ရိုက်ထားတဲ့ သုံးလေးပုံကလည်း ကပ်ပါလာတယ်။ သုံးယောက်သား ရင်းရင်းနှီးနှီးနဲ့ပွေ့ဖက်ထားတဲ့ပုံတွေနဲ့ မနာလိုဝန်တိုစရာတော့ ကောင်းလေရဲ့။
ရိပေါ်ဘေးနား အမြဲကပ်ပါနေတဲ့ အနောက်တိုင်းသူမိန်းကလေးကိုဆို ရှောင်းကျန့်က မှတ်မိတာထက်ကိုပိုနေပြီလေ။

ဒါပေမဲ့လည်း နောက်နေ့ဆိုပြန်လာတော့မှာဆိုတဲ့စိတ်နဲ့ ဒီကြားထဲစိတ်လွှတ်ကိုယ်လွှတ်နေခိုင်းထားခဲ့တဲ့အချိန်တွေကို မသိသလိုလုပ်ထားလိုက်တယ်။ ရိပေါ်က သူ့ကိုအမြင်စောင်းနေလို့ ဆိုးသွမ်းမိတယ်ပဲ ထားပါတော့။

*ကျွန်တော့ကို လာမကြိုနဲ့။ *

*ဘာလို့လဲ။ ငါလာကြိုလို့အဆင်ပြေပါတယ်။ *

မျက်နှာရှုံ့နေတဲ့ အီမိုဂျီလေးနဲ့ ရှောင်းကျန့်ပြန်ပို့လိုက်သည်။

*ပင်ပန်းနေမှာစိုးတယ်။ ကျွန်တော်က အိမ်ပြန်မလာတတ်တဲ့ ကလေးမှမဟုတ်တာ။ *

*ကလေးမဟုတ်တာနဲ့ မကြိုရတော့ဘူးလား။ ကြိုးစားပြီးပြန်လာတဲ့သူကို ဂုဏ်ပြုကြိုဆိုရမှာပေါ့ ရိပေါ်ရဲ့။ *

*တကယ် အဲ့တာတွေမလိုဘူး။ ကျန့်ကောသာ ငြိမ်ငြိမ်လေး အိမ်မှာထိုင်စောင့်နေ။ *

ရှောင်းကျန့် သက်ပြင်းလေးချရင်း အင်းပါဆိုတဲ့စာလေးပဲ ပို့လိုက်တယ်။

*မျက်နှာချင်းဆိုင်ပြောရအောင်ဗျာ။ အခုခေါ်ခဲ့မယ်။ တကယ်က အရမ်းလွမ်းနေပြီ။ *

"ရှောင်းကျန့် "

မကြားရတာ ကြာနေပြီဖြစ်တဲ့ ချန်ဖုန်းရဲ့အသံက နောက်ကျောကထွက်လာခဲ့တယ်။ ရှောင်းကျန့် အလျင်အမြန်ပဲလှည့်ကြည့်လိုက်တော့ နေကြာပန်းစည်းကြီးနဲ့ ချန်ဖုန်းက သူ့ကိုပြုံးပြလို့။

လိုက်ခနဲပျော်သွားသောစိတ်နဲ့ ရှောင်းကျန့်ဟာ ချန်ဖုန်းကို ဝမ်းသာအားရပြန်ပြုံးပြလိုက်သည်။ မပြောမဆိုနဲ့ အိမ်ကိုမလာတော့တဲ့ချန်ဖုန်းကို မသိမသာလေးနဲ့ သူကမျှော်နေခဲ့ပါတယ်။

တ​ယောကြိုး​လေးထက်​ရစ်​ပတ်​နှောင်​ဖွဲ့သည်​(Completed)Where stories live. Discover now