အပိုင်း 42(ZawGyi&Unicode)

801 98 18
                                    

ရက်ပိုင်းအတွင်း ရိပေါ်ဟာ တစ်ခြားလူတစ်ယောက်လို ပြောင်းလဲသွားခဲ့တယ်။ အရင်လို တက်တက်ကြွကြွနဲ့ ပျော်ပျော်နေခဲ့တဲ့ကောင်လေးတစ်ယောက်မဟုတ်တော့ဘူး။ အချိန်တွေအများစုကို ဆေးလိပ်တစ်လိပ်နဲ့ ကုန်ဆုံးလာမျိုး။ သံစဥ်တွေနဲ့ ပျော်မွေ့နေတတ်တဲ့သူက အလိုလို သူ့လက်ထဲကတယောဆိုတာကို မေ့ပျောက်လာသလိုပဲ။ တစ်ခါတစ်လေ ငေးငိုင်တွေဝေမှုတွေနဲ့ ဘာတွေဒီလောက်ထိ ပင်ပန်းနေပုံပေါ်သလဲဆိုတာ အပြင်လူတစ်ယောက်က သူ့စိတ်ကိုလုံးဝမဖမ်းမိနိုင်ဘူး။

သို့ပေမဲ့ အဲ့တာတွေထက်ပိုပြောင်းလဲလာတဲ့ အပြုမူဟာ ချစ်သူရည်းစားလို့ခေါင်းစဥ်မတပ်ရုံတမယ်ဆက်ဆံရေးအောက် သူမကိုဆွဲခေါ်ခဲ့ခြင်းပေါ့။ သူမခံစားချက်တွေအတွက်ဆိုပြီး  အလေးပေးလိုက်လျောမှုတွေက ရုတ်တရက်ရှိလာတယ်။ ယုံကြည်ဖို့ကောင်းရဲ့လားဆိုတာ တွေးတောင်မတွေးရဲပေမဲ့ ကြောက်ရွံ့စွာနဲ့ကျေနပ်နေတဲ့ Maya က တကယ်ဆို ဘယ်လိုနေရာကလူတစ်ယောက်ဖြစ်နေခဲ့မလဲ။

ပခုံးပေါ်ခေါင်းမီလာကာ မျက်လွှာချလိုက်တဲ့ ရိပေါ်ကိုသူမ မြတ်နိုးမှုတွေနဲ့ ကြည့်နေခဲ့သည်။ ဖြစ်နိုင်ရင်  သူမပခုံးထက် ဒီလူသားလေးကို ထာဝရတင်ခေါ်ထားလိုက်ချင်တဲ့စိတ်။ ဒါကလောဘကြီးနေမယ်ဆိုရင်လည်း အခုအချိန်လေးကိုပဲ ထာဝရရပ်တန့်ထားလိုက်ဖို့ ဘုရားသခင်ဆီ ပူဆာချင်ပါရဲ့။

"ကျေးဇူးတင်ပါတယ် ဝမ်..."

ကြည်နူးမှုတွေနဲ့ တိုးတိတ်စွာဆိုလိုက်မိတော့
မျက်စိမှိတ်ထားတဲ့ရိပေါ်ဟာ သူမပခုံးထက်ကနေ သွားပေါ်ရုံမျှပြုံးလာသည်။

"ဘာအတွက်လဲ။ "

"မနက်ဖြန်သောကြာနေ့ပြိုင်ပွဲအမှီ အံ့သြစရာ​ကောင်းတဲ့သံစဥ်လေးရှာလာပေးတဲ့အတွက်ပေါ့။ "

လေအလွှင့်မှာ ရိပေါ်ရဲ့နဖူးထက်ဝေ့ဝိုက်သွားတဲ့ ဖြူရော်ရော်ဆံနွယ်စတွေကို သူမချစ်မဝစွာဖယ်ရှားပေးလိုက်သည်။

"မလိုပါဘူး။ ဒါက ငါတို့အတူဖန်တီးရတာပဲမဟုတ်ဘူးလား။ "

"ဟင့်အင်း။ နင်ကအဓိကလေ။ ဒီရက်တွေမှာ ငါနင့်ကို အများကြီးစိုးရိမ်နေခဲ့တာ။ တစ်ခုခုများဖြစ်သွားမလားဆိုတဲ့စိတ်နဲ့ အမြဲတမ်းအနောက်ကနေ စောင့်ကြည့်ပေးခဲ့တယ်။ Jay ကတော့ပြောပါတယ်။ လူတိုင်း တစ်ခါတစ်လေအဲ့ဒီလိုအဖတ်ဆယ်မရတဲ့စိတ်တွေနဲ့ အရူးလိုပဲဖြစ်တတ်တယ်တဲ့။ "

တ​ယောကြိုး​လေးထက်​ရစ်​ပတ်​နှောင်​ဖွဲ့သည်​(Completed)Where stories live. Discover now